အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ဟားမတ်စ် ခေါင်းဆောင် ပြောကြား

0
174

ပါလက်စတိုင်း စစ်သွေးကြွအုပ်စုဟာ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုရဖို့ နီးစပ်နေပြီဖြစ်တယ်လို့ ဟားမတ်စ်ခေါင်းဆောင်က အင်္ဂါနေ့(နိုဝင်ဘာ ၂၁) မှာ ရိုက်တာသတင်းဌာနကို ပြောဆိုပါတယ်။

ဂါဇာဒေသမှာ အစ္စရေးရဲ့ လူအ‌ေ-သအပျောက်များတဲ့ ထိုးစစ်ဆင်မှုတွေ ဆက်ဖြစ်နေသလို အစ္စရေး နိုင်ငံအတွင်းသို့ဒုံးကျည်ပစ်လွှတ်မှုတွေလည်း ရှိနေသေးချိန်မှာပဲ ဟားမတ်စ်ခေါင်းဆောင်က အခုလို ပြောဆိုလာတာပါ။

ဟားမတ်စ် တာဝန်ရှိသူတွေဟာ အစ္စရေးနဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်တစ်ခုရဖို့ နီးစပ်နေပြီဖြစ်ကြောင်းနဲ့ အဖွဲ့ရဲ့တုန့်ပြန်ဆွေးနွေးချက်တွေကို ကာတာစေ့စပ်ညှိနှိုင်းရေးသမားတွေထံ ပေးပို့ထားပြီးဖြစ်ကြောင်း ဟားမတ်စ်ခေါင်းဆောင် အစ်စမေးလ် ဟာနီယက်ရ်ှရဲ့ ထုတ်ပြချက်ကို သူ့လက်ထောက်က ရိုက်တာထံပေးပို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ် အချက်အလက်တွေတော့ မပါဝင်ခဲ့ပါဘူး။

သို့ပေမယ့် ဟားမတ်စ် အရာရှိတစ်ဦးက အယ်ဂျာဇီးယားရုပ်သံကို ပြောဆိုခဲ့ရာမှာတော့ အပစ်ရပ်စဲကာလ အချိန်ဘယ်လောက်ကြာမလဲဆိုတာနဲ့ ဂါဇာဒေသအတွင်းသို့ အကူအညီတွေ ပေးပို့နိုင်ရေး အစီအစဉ်တွေအပြင် ဟားမတ်စ်တို့လက်ဝယ်ရှိ အစ္စရေး ဓ-ားခံတွေနဲ့ အစ္စရေးရှိ ပါလက်စတိုင်း အကျဉ်းသားတွေ အပြန်အလှန်လဲလှယ်ရေးကိုလည်း အဓိကထားညှိနှိုင်းနေကြတာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

နှစ်ဖက်စလုံးအနေနဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ပြန်လွှတ်ပေးကြမှာဖြစ်ပြီး အသးစိတ်အချက်တွေကိုတော့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ကာတာက ကြေညာသွားပါလိမ့်မယ်လို့လည်း အထက်ပါအရာရှိက ပြောဆိုခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here