မော်လမြိုင်တွင် (၁၂) ဘီးကုန်တင်ယာဉ်မှ ဆိုင်ကယ် (၂)စီးအား ဝင်တိုက်မိပြီး ကားသမားမောင်းနှင်ထွက်ပြေး

0
183

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုအဆင်းပွဲရုံတန်းရှေ့တွင် (၁၂) ဘီး ကုန်တင်ယာဉ်မှ ဆိုင်ကယ် (၂) စီးအား ဝင်တိုက်မိပြီး ကားသမားမှာ မောင်းနှင်ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

မော်လမြိုင်မြို့၊ ဈေးကြိုအဆင်းပွဲရုံတန်းရှေ့တွင် နိုဝင်ဘာ (၂၀) ရက် ည(၇) နာရီ (၄၀) မိနစ် အချိန်ခန့်က (၁၂)ဘီး ကားတစ်စီးမှ ဆိုင်ကယ် (၂) စီးအား ဝင်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းအရ ဘိုဘိုဝင်း Rescue အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့များမှာသွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ကြောင့် အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာများရရှိသဖြင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင် Rescue လူမူကယ်ဆယ်ရေးအဖွဲ့၊ freedom Rescue လူမူကယ်ဆယ်ရေးအဖွဲ့တို့မှ လူနာများအား လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်ပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့‌ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here