အွန်လိုင်းလိမ်လည်မှုနှင့်ဆက်စပ်နေသည့် တရားခံ ၃၁,၀၀၀ အား မြန်မာမှတရုတ်သို့လွှဲပြောင်းပေးခဲ့

0
199

တရုတ် – မြန်မာ နယ်စပ်ရှိ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးနည်းပညာသုံး လိမ်လည်မှုများတွင် ပါဝင်ပတ်သက်နေသည့် သံသယရှိသူ ၃၁,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သံသယရှိသူများတွင် ငွေကြေးအမြောက်အများ လိမ်လည်လှည့်ဖြားခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ပေးထားသူ (၆၃) ဦးနှင့် ရာဇဝတ်ဂိုဏ်းများ၏ ခေါင်းဆောင်များ ပါဝင်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းမှုကြောင့် အရေးပါတဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်”ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်အနောက်တောင်ပိုင်းနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တစ်ရက်လျင် လူတစ်သိန်းကျော်က တယ်လီကွန်းလိမ်လည်မှုတွင် ပါဝင်နေကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြသည်။

လွန်ခဲ့သည့် သီတင်းပတ်က ကိုးကန့်သူဌေး မြီရှောက်ချန်း မိမိကိုယ်ကိုယ် ‌ေ-သနတ်ဖြင့်ပစ်ခတ်အဆုံးစီရင်ခဲ့မှုနှင့် မိသားစုဝင် (၃) ဦးအား တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍လည်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထည့်သွင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံတွင် တယ်လီကွန်းလိမ်လည်လှည့်ဖျားမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေခြင်းကြောင့် တရုတ်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က မြန်မာနိုင်ငံထံ ယခုလအတွင်း လာရောက်ခဲ့ပြီး နစက တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားလုပ်ငန်း အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင့်သင့်ရှိကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here