တပတ်ကြာကျင်းပမည့်တောင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ယနေ့စတင်ဖွင့်လှစ်

0
230

တောင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ယနေ့ နိုဝင်ဘာလ (၂၁) ရက်တွင်တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ မီးပုံပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ အထိ တစ်ပါတ်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အကျဉ်းချုံးကျင်းပခဲ့ကာ ယခုနှစ်တွင် စည်းကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းမီးပုံးပျံပွဲတော်တွင် ညမီးကြီးမီးပုံးပျံ၊ ရောင်စုံမီးပန်း၊ မသိုးသင်္ကန်းရက်လုပ်ခြင်းများပါဝင်မည်ဖြစ်ပြီး ညလွှတ်မီးပုံးပျံ ၆၃ လုံးလွှတ်တင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ညမီးတွင် ရောင်စုံမီးပန်း အားလုံးပေါင်း ၃၈ လုံး၊ ဘေးတွင်မီးပုံးလေးများချိတ်၍ လွှတ်သည့် စိန်နားပန်မီးပုံးပျံ ၂၅ လုံးလွှတ်တင်မည်ဖြစ်ကာ တစ်ရက်လျှင် မီးပုံး ၈ လုံးလွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here