ဥမင်လမ်းကြောင်းအတွင်း ပိတ်မိနေတာ ၁၀ ရက်ကြာလာသည့် အိန္ဒိယ အလုပ်သမားများ၏ ပုံရိပ်ထွက်ပေါ်လာ

0
236

ပြိုကျသွားတဲ့ ဥမင်လမ်းကြောင်းအတွင်း ပိတ်မိနေခဲ့တာ ၁၀ ရက်ကြာလာပြီဖြစ်တဲ့ အိန္ဒိယ အလုပ်သမား ၄၁ ဦး အသက်ရှင်လျက်ရှိနေတာကို တွေ့ရတဲ့ ဗီဒီယိုဖိုင်တစ်ခု အင်္ဂါနေ့(နိုဝင်ဘာ ၂၁) မှာ ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာပါတယ်။ အလုပ်သမားတွေဟာ သူတို့လွတ်မြောက်နိုင်မယ့် မြေအောက်လမ်းကြောင်းသစ်တွေ ဖန်တီးဖို့ကြိုးစားနေခဲ့တယ်လို့သိရပါတယ်။

လမ်းကြောင်းသစ်တွေထဲက တစ်ခုဟာ ကီလိုမီတာဝက်နီးပါးရှိနေပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ အလုပ်သမားတွေထံ လေ၊ ရေနဲ့စားစရာတွေ ပို့ပေးတဲ့ ပိုက်လိုင်းကနေတဆင့် အတွင်းပိုင်းကြည့် ကင်မရာတစ်လုံးကို ချကာ အခြေအနေကို အကဲခတ်ခဲ့ကြပါတယ်။ မုတ်ဆိတ်မွေးထူလပျစ်နဲ့အလုပ်သမားများစွာဟာ ပင်ပန်းနွမ်းနယ်ကာ သောကရောက်နေပုံရတာကို ကင်မရာမြင်ကွင်းမှာ တွေ့ရပါတယ်။

“မင်းတို့ကို ဘေးကင်းကင်းနဲ့ပြန်ထုတ်ပေးမယ် မစိုးရိမ်ကြနဲ့” လို့ ကင်မရာရှေ့မှာ စုဝေးရောက်ရှိနေတဲ့ အလုပ်သမားတွေကို ကယ်ဆယ်ရေးသမားတွေက အားပေးစကားပြောနေသံကိုလည်း ရုပ်သံဖိုင်မှာ ကြားရပါတယ်။ အဆိုပါ ရုပ်သံဖိုင်ကို ပြည်နယ်အာဏာပိုင်တွေက ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်း ဥတာရာခန်းပြည်နယ်ရှိ ပြိုကျဥမင်လမ်းကြောင်းနေရာမှာ နိုဝင်ဘာ ၁၂ ရက်နေ့ကစလို့မြေကြီးတွေ၊ ကွန်ကရစ်တုံးတွေနဲ့အကျိုးပဲ့အပိုင်းအစတွေ တန်ပေါင်းများစွာကို မြေတူးစက်တွေနဲ့တူးဖော်ဖယ်ရှားကာ အလုပ်သမားတွေကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေခဲ့ကြတာဖြစ်ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here