တေလာဆွဇ်၏ဘရာဇီးဖျော်ဖြေပွဲ၌ လူ‌ေ-သမှု၊လူသ-တ်မှု၊အပူရှိန်ကြောင့်ဖျားနာမှုနှင့်လုယက်မှုများဖြစ်ပေါ်ခဲ့

0
132

ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၂၀

စံချိန်ပေါင်းများစွာချိုးပြီး အောင်မြင်မှုများစွာရရှိခဲ့သည့် ကမ္ဘာကျော်ပေါ့ပ်အဆိုတော် တေလာဆွဇ်၏ The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွင်း ဘရာဇီးနိုင်ငံရီယိုဒီဂျနေးရိုးမြို့၌ဖျော်ဖြေစဉ် လူ‌ေသမှု၊အပူနှင့်ပတ်သက်သည့်ဖျားနာမှု၊လုယက်မှုနှင့်လူသ-တ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် တေလာ၏ပရိသတ်များသည် ဒေါသလည်းထွက်စိတ်လည်းပျက်ခဲ့ရကြောင်းသိရသည်။

တေလာ၏ဖျော်ဖြေပွဲအားကြည့်ရှုရန် ဘရာဇီးအနောက်အလယ်ပိုင်းမှလာခဲ့ရသည့် အသက် ၂၅ နှစ်အရွယ်ရှိ Gabriel Mongenot Santana Milhomem Santos ဆိုသူသည် တနင်္လာနေ့နံနက် ၃ နာရီခန့်က ကိုပါကဘားနားကမ်းခြေ၌ ဓ-ားဖြင့်ထိုးကာအသ-တ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယင်း‌ေ-သဆုံးမှုသည် တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် တေလာ၏အမာခံပရိသတ်‌တစ်ဦးထပ်မံ‌ေ-သဆုံးခြင်းဖြစ်ပြီး ပြီးခဲ့သည့်သောကြာနေ့ကလည်း အသက် ၂၃ နှစ်အရွယ်ရှိ Ana Clara Benevides Machado ဆိုသူမိန်းကလေးတစ်ဦးလည်း တေလာ၏ပထမဆုံးရှိုးညအတွင်း အပူရှိန်ကြောင့်လဲကျခဲ့ရာမှဆေးရုံရောက်ပြီးညပိုင်းတွင်‌ေ-သဆုံးခဲ့သေးသည်။

ပရိသတ်အချို့သည်လည်း အပူချိန်လွန်ကဲမှုကြောင့် မူးလဲခြင်း၊ မသမာသူများ၏လုယက်ခံရမှုများလည်းဖြစ်ပေါ်ခဲ့သေးသည်။ ဆိုရှယ်မီဒီယာပေါ်သို့ပျံ့နှံ့လာသည့်ဗီဒီယိုထဲ၌လည်း လူအချို့သည်ပရိသတ်များကို လုယက်နေသည်ကိုလည်းတွေ့ခဲ့ရသည်။

တေလာ၏ The Eras Tour ဖျော်ဖြေပွဲအတွင်းအလှည့်ကျရာ ဘရာဇီး၌ အပူလှိုင်းဖြတ်မှုဖြစ်ပေါ်နေပြီး ဖျော်ဖြေပွဲမစမီပရိသတ်များစောင့်ဆိုင်းနေစဉ် အပူချိန်သည် ၄၁ ဒီဂရီဆဲလ်စီးယက်စ်အထိရှိခဲ့ရာ အပူဒဏ်ကြောင့်စိတ်ညစ်ခဲ့ရသည်ဟုလည်းပရိသတ်အချို့ကညည်းညူခဲ့ကြသည်။

ယင်းအပူလှိုင်းဖြတ်နေမှုကြောင့်ပင် တေလာ၏ဖျော်ဖြေပွဲအတွင်း ပရိသတ်များရေဓါတ်ခမ်းခြောက်ရသည့်အခြေအနေများနှင့်ကြုံတွေ့ခဲ့ရသဖြင့် စနေနေ့ကပြုလုပ်မည့်ရှိုးပွဲအား တနင်္လာနေ့အထိရွှေ့ဆိုင်းခဲ့ရသေးသည်ဟုသိရှိရသည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here