တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား ၁၈၅၉ ဦးကို ထပ်မံလွှဲပြောင်း ပေးအပ်

0
319

နယ်စပ်ဒေသများမှ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား (၁၈၅၉) ဦးကို စိစစ်ဖော်ထုတ် ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်း ပေးအပ်လိုက်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အချို့သော ပြည်ပနိုင်ငံသားများမှာ နယ်စပ်ဒေသများမှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် နိုဝင်ဘာ (၂၁) ရက်က တရုတ်နိုင်ငံသား အမျိုးသား (၁၈၁၆) ဦး၊ အမျိုးသမီး (၄၃) ဦး၊ စုစုပေါင်း (၁၈၅၉) ဦးကို စိစစ်ဖော်ထုတ် ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၃၁)ရက်မှ နိုဝင်ဘာ (၂၁) ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား (၃၇၃၃) ဦး၊ အမျိုးသမီး (၁၈၅) ဦး၊ စုစုပေါင်း (၃၉၁၈) ဦး တို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here