မဟာအံ့ထူးကံသာ ဘုရားကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် ဆီးမီး ၉၀၀၀ ပူဇော်ပွဲ ကျင်းပမည် 

0
567

(၁၇) ကြိမ်မြောက် ပြင်ဦးလွင်ရိုးရာ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မကျင်းပဖြစ်တော့သော်လည်း မဟာအံ့ထူးကံသာ ဘုရားကြီးတွင် မသိုးသင်္ကန်းရက်လုပ် ပူ‌ဇော်ပွဲနှင့် ဆီမီး ၉၀၀၀ ပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။

“တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မကျင်းပဖြစ်ပေမယ့် ဘုရားကြီးမှာ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနဲ့ ဆီးမီး ၉၀၀၀ ပူဇော်ပွဲ ကျင်းပသွားမှာပါ”ဟု တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

ပြင်ဦးလွင်ရိုးရာ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မူလက နိုဝင်ဘာ(၂၄)ရက်မှ (၂၈)ရက်အထိ ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာ ဘုရားကြီးဝန်းအတွင်းရှိ မီးပုံးပျံကွင်း၌ ကျင်းပရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မကျင်းပဖြစ်သော်လည်း မဟာအံ့ထူးကံသာ ဘုရားကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် ဆီးမီး ၉၀၀၀ ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here