မြောက်ကိုးရီးယားက သံသယဖြစ်ဖွယ် သူလျိုဂြိုဟ်တုတစ်လုံး လွှတ်တင်ခဲ့ဟု တောင်ကိုးရီးယား ပြောကြား

0
357

ဂြိုဟ်တုတစ်လုံး သယ်ဆောင်သွားတယ်လို့ယုံကြည်ရတဲ့ ဒုံးကျည်တစ်စင်းကို အင်္ဂါနေ့(နိုဝင်ဘာ ၂၁) မှာ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်နဲ့တောင်ကိုရီးယားတို့က ထုတ်ဖော်ပြောဆိုပါတယ်။ ဒါဟာ ကမ္ဘာပတ်လမ်းအတွင်း သူလျိုဂြိုဟ်တုတစ်လုံး ထားရှိနိုင်ရေးအတွက် မြောက်ကိုရီးယားက ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ကြိုးပမ်းလာခြင်းလို့သိရပါတယ်။

ယခုနှစ်အတွင်း သူလျိုဂြိုဟ်တု လွှတ်တင်မှု နှစ်ကြိမ်တိုင် မအောင်မြင်ဖြစ်ခဲ့တဲ့ မြောက်ကိုရီးယားဟာ ဗုဒ္ဓဟူးနေ့နဲ့ဒီဇင်ဘာ(၁)ရက် ကြားလောက်မှာ ဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ စီစဉ်နေကြောင်း အစောပိုင်းမှာ ဂျပန်က ထုတ်ဖော်အသိပေးထားခဲ့တာပါ။

မြောက်ကိုရီးယား ဒုံးပစ်လွှတ်မှုရဲ့ ဖြစ်လာနိုင်ခြေ ခြိမ်းခြောက်မှုအတွက် အကာအကွယ်ယူကြဖို့ ဂျပန်အစိုးရက နိုင်ငံတောင်ပိုင်းရှိ ဒေသခံတွေကို အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

အဆောက်အဦတွေအတွင်း ဒါမှမဟုတ် မြေအောက်နေရာတွေမှာ အကာအကွယ်ယူနေကြဖို့ အရေးပေါ် အသံလွှင့်စနစ်ကနေ အိုကီနာဝါဒေသခံတွေကို ဂျပန်အစိုးရက သတိပေးခဲ့တာပါ။ ဒုံးကျည်ဟာ ဂြိုဟ်တုလွှတ်တင်မှုဖြစ်ဖွယ်ရှိတယ်လို့ အစိုးရသတင်းဋ္ဌာန NHK က ကာကွယ်ရေးဝန်ကြီးဋ္ဌာန သတင်းရင်းမြစ်ကို ကိုကားပြီး ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားစစ်တပ်ကလည်း ဒုံးကျည်ဟာ ထောက်လှမ်းရေးဂြိုဟ်တုတစ်လုံး သယ်ဆောင်သွားတယ်လို့ယုံကြည်ရကြောင်းနဲ့ အရှေ့ဘက်အရပ်ကို ဦးတည်ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here