နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ခွန်သန့်ဇော်ထူးအား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ဒုတိယ ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်

0
262

နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ခွန်သန့်ဇော်ထူးအား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ဒုတိယ ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၄ /၂၀၂၃ အား နိုဝင်ဘာ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

နစကသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဒုတိယ ဝန်ကြီး ပြောင်းရွှေ့ တာဝန်ပေးအပ်ကြောင်း ယနေ့ နိုင်ငံပိုင်သတင်းဌာနတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here