စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းမြင့်တက်လာ၍ ပြည်တွင်းဓာတ်ဆီဈေးနှုန်း မြင့်တက်လာ

0
247

စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းမြင့်တက်လာသည့်အတွက် ပြည်တွင်း၌ ဓာတ်ဆီဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

ယနေ့နိုဝင်ဘာလ (၂၂ )ရက် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်း စက်သုံးဆီ ရည်ညွှန်းလက်လီစျေးနှုန်း ၉၂ တစ်လီတာ ကျပ် ၂၂၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၃၅၀ ကျပ်ရှိကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ၉၂ တစ်လီတာ ကျပ် ၂၁၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂၂၄၀ ကျပ်သာရှိပြီး ဒီဇယ် တစ်လီတာ ၂၁၂၅ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာ ၂၂၁၅ ကျပ်ဖြင့် အတက်အကျမရှိ ဈေးငြိမ်နေကြောင်း သိရသည်။

ထို့အပြင်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဓာတ်ဆီ တစ်လီတာ ဈေး‌နှုန်းများသည်လည်း မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရသည်။

စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည်  နိုဝင်ဘာ ၁၇ ရက်တွင် 92 Ron တစည် ၈၆ ဒသမ ၁၈ ဒေါ်လာ၊ 95 Ron တစည် ၉၂ ဒသမ ၆၇ ဒေါ်လာ၊ 10 PPM တစည် ၁၁၀ ဒသမ ၀၅ ဒေါ်လာ အသီးသီးရှိခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့တွင် 92 Ron တစည် ၉၁ ဒသမ ၃၀ ဒေါ်လာ၊ 95 Ron ၉၇ ဒသမ ၃ ဒေါ်လာ၊ 10 PPM ၁၀၅ ဒသမ ၇၅ ဒေါ်လာသို့ မြင့်တက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here