အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး ရုရှားကြိုဆို

0
167

မော်စကို၊နိုဝင်ဘာ ၂၂

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း လေးရက်တာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ရုရှားကကြိုဆိုခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ယာယီအပစ်အခတ်ရပ်ဆိုင်းမှုများကသာ နှစ်ဖက်ပြေလည်မှုရရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

အစ္စရေးနှင့်ဟားမတ်စ်တို့သည် အနည်းဆုံးလေးရက်အထိအပစ်အခတ်ရပ်နားမည်ဖြစ်ပြီး အစ္စရေးက ဖမ်းထားသောပါလက်စတိုင်းအကျဉ်းသား ၁၅၀ နှင့် ဟားမတ်စ်က ဖမ်းထားသော ဓ-ါးစာခံ ၅၀ ဦးတို့ကိုပါလဲလှယ်မည်ဖြစ်ကြောင်းသိရှိရသည်။

ထို့ပြင် အပစ်အခတ်ရပ်ထားစဉ်ကာလအတွင်း ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုပါ ပေးပို့သွားမည်ဟုလည်းသိရှိရသည်။

ထို့ကြောင့်ပင် ရုရှားနှင့်နိုင်ငံအများစုသည် အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် အပစ်အခတ်ယာယီရပ်ထားရန်တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ ရပ်နားမှသာ ရေရှည်တည်တံ့သောငြိမ်းချမ်းမှုကို တည်ဆောက်နိုင်မည်ဟုဆိုကြသည်။

ရုရှားသည် အစ္စရေး၊ဟားမတ်စ်နှင့် အီရန်အပါအဝင် အရှေ့အလယ်ပိုင်းရှိ အခြားထိပ်တန်းနိုင်ငံများနှင့်ပါကာလရှည်ကြာဆက်ဆံရေးရှိသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here