နယ်စပ် ပို့ကုန်/သွင်းကုန် သမားများအနေဖြင့် လက်ရှိအချိန်ထိ မိုင်းလား နယ်စပ်ဂိတ်ကိုသာ အသုံးပြုနေရ

0
232

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ပျက်ဆီးသွားသည့် လမ်းပိုင်းများ ပြုပြင်ပြီးဖြစ်သော်လည်း ကုန်ကားများအနေဖြင့် မိုင်းလားနယ်စပ်ဂိတ်ကိုသာ အသုံးပြုနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

လတ်တလောတွင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားအထူးဒေသ (၄) နယ်စပ် ဂိတ်မှသာ ကုန်သွယ်မှုပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအချို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားရပြီး တရုတ်-မြန်မာကုန်သွယ်ရေးမှာရပ်ဆိုင်းလုဖြစ်ခဲ့ရခြင်းဖြစ်သည်။

” ပုံမှန်ဆိုရင် မူဆယ် (၁၀၅) မိုင်နဲ့ ချင်းရွှေဟော်ဂိတ်တွေက အပို့အများဆုံးပေါ့။ သူတို့ပိတ်သွားလို့ မိုင်းလားဘက်ကနေ တရုတ်ဘက်ကို ပို့တာ။ ကုန်ကျစရိတ်တော့ပိုသွားတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ယခင်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်များမှ ကုန်သွယ်နိုင်သော်လည်း တိုက်ပွဲများကြောင့် အဆို နယ်စပ်ဂိတ်များအားလုံး ပိတ်သွားပြီး မိုင်းလားအထူးဒေသ (၄) နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုသာ အားကိုးနေရတော့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here