အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီး အချက်အလက်တွေ ပေးပို့ဖို့ တရုတ်ထံ WHO တောင်းဆို

0
211

ကလေးငယ်တွေမှာ အဆုတ်ရောင်ရောဂါ အစုလိုက်ဖြစ်ပွားနေခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ နာမကျန်းဖြစ်မှုတွေ တိုးမြင့်နေခြင်းနဲ့ပတ်သက်လို့ သတင်းအချက်အလက် အသေးစိတ် ပေးပို့ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က နိုဝင်ဘာ ၂၂ ရက်နေ့မှာ တရုတ်အစိုးရထံ တရားဝင်တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

နိုင်ငံအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်ဉ်တွေ တိုးမြင့်လာတယ်လို့အမျိုးသားကျန်းမာရေးကော်မရှင်မှ တရုတ်အာဏာပိုင်တွေက နိုဝင်ဘာ ၁၃ ရက်မှာ သတင်းစာရှင်းလင်း အသိပေးခဲ့ကြောင်း WHO ရဲ့ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုဋ္ဌာနတွေ၊ လူမှုပတ်ဝန်းကျင်တွေမှာ ရောဂါစောင်ကြည့်မှု အစီအမံတွေ တင်းကျပ်ဖို့၊ လူနာတွေအပေါ် ကိုင်တွယ်ရတဲ့ ကျန်းမာရေးစနစ်စွမ်းဆောင်ရည်တွေ အားကောင်းဖို့လိုအပ်ကြောင်း တရုတ်အာဏာပိုင်တွေက အလေးပေးပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အနှောင်းပိုင်းနဲ့ ၂၀၂၀ အစောပိုင်းကာလမှာ ဝူဟန်မြို့မှာ ပေါ်ထွက်ခဲ့တဲ့ ကိုဗစ်-၁၉ အစောပိုင်းရောဂါဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ သတင်းထုတ်ပြန်မှုတွေ မရှိခဲ့တာကြောင့် တရုတ်အစိုးရရော WHO အဖွဲ့ပါ ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်းက ကလေးတွေမှာ ရောဂါအမည် မသတ်မှတ်ရသေးတဲ့ အဆုတ်ရောင်ဝေဒနာဖြစ်ပွားမှု အစုလိုက်တွေ့ရကြောင်း အရေးပေါ် ကူးစက်ရောဂါစောင့်ကြည့်ရေး ပရိုဂရမ် ပါဝင်တဲ့ အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်တယ်လို့ WHO က ဗုဒ္ဓဟူးနေ့မှာ ပြောဆျိပါတယ်။ ဒီဖြစ်ဉ်ဟာ တရုတ်အာဏာပိုင်တွေ အရင်က သတင်းထုတ်ပြန်ထားတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်စဉ်တိုးမြင့်လာမှုနဲ့ဆက်စပ်သလား ဒါမှမဟုတ် သီးခြားပေါ်ပေါက်လာတဲ့ ဖြစ်စဉ်လားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ WHO က ဆက်လက်ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here