အသက် ၆၀ ရွယ် အမျိုးသား တစ်ဦးအား ဘေးတွဲဆိုင်ကယ်သမားများ ဝိုင်းရိုက်၊ လမ်းပေါ်ပစ်ချရာ ဖြတ်သန်းသွားသည့် ကားက မမြင်ရဘဲ ကြိတ်မိကာ ‌ေ-သဆုံး

0
247

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဏ္ဏဝဘက်ခြမ်း ကျောင်းလမ်းမှတ်တိုင်နှင့် Max ဆီဆိုင်အနီး အသက် (၆၀) ဝန်းကျင် အရွယ် အမျိုးသား တစ်ဦးအား ကားတစ်စီးမှ မမြင်ရဘဲ တက်နင်းကြိတ်မိကာ ‌ေ-သဆုံးခဲ့ရကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်း(ရန်ကုန်)မှ သိရသည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ် သုဏ္ဏဝဘက်ခြမ်း ကျောင်းလမ်းမှတ်တိုင်နှင့် Max ဆီဆိုင်အနီး နိုဝင်ဘာ ၂၂ ရက် ည ၁၁ နာရီ ၂၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ‌ေ-သဆုံး အမျိုးသားမှာ ပိုင်ရှင် မသိရသေးကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်း(ရန်ကုန်)မှ သိရသည်။

“ဖြစ်စဉ်က ရှုပ်ထွေး (ကြားသိရသမျှတင်ပြခြင်း) ဘေးတွဲဆိုင်ကယ်သမားများနဲ့ ရန်ဖြစ်တယ်ဟုသိရ။ ဘေးတွဲဆိုင်ကယ်သမားများမှ ရိုက်၍ လမ်းပေါ်ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဖြတ်သန်းသွားသော ကားမှ မမြင်ရဘဲ တက်နင်းမိကြိတ်သွားကြောင်း သတင်းရ၍ အသင်းရုံးမှ ကားများနဲ့ ကူညီခဲ့ပါတယ်။”ဟု အသင်းက ဆိုသည်

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံများ/ သက်ဆိုင်ရာများဖြင့် ပူပေါင်း၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အအေးခန်းသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here