Blackpink ကို ဗြိတိန်ဘုရင်က ဂုဏ်ထူးဆောင် MBE ဘွဲ့ချီးမြှင့်

0
279

ဆိုးလ်၊နိုဝင်ဘာ ၂၃

ကမ္ဘာကျော် တောင်ကိုရီးယားအမျိုးသမီးအဆို‌တော်အဖွဲ့ဖြစ်သည့် Blackpink သည် သမ္မတယွန်းဆော့ယော် ဗြိတိန်နိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်ခရီးစဉ်အတွင်း၌ ဗြိတိန်အစိုးရ၏ဂုဏ်ပြုညစာစားပွဲသို့ဖိတ်ကြားခံခဲ့ရရုံသာမက ဗြိတိန်ဘုရင်ကပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဆု(MBE) ကိုလည်း Blackpink အဖွဲ့ဝင်များအား တတိယမြောက် ချားလ်စ် ဘုရင် မင်းမြတ်ကိုယ်တိုင် နိုဝင်ဘာ ၂၂ ရက်က ပေးအပ်ချီးမြှင်ခဲ့ကြောင်းသိရသည်။

Blackpink အဖွဲ့ဝင်များသည် ဗြိတိသျှအင်ပါယာက ချီးမြှင့်သည့်ဂုဏ်ထူးဆောင် MBE ဆုတံဆိပ်ကို ရရှိခဲ့သည့် ပထမဆုံးသော အာရှအနုပညာရှင်များဖြစ်ကြပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဂျန်းနီ၊ဂျီဆူး၊ လီဆာ နှင့် ရို့စ် တို့သည် ဆုတံဆိပ်များပေးအပ်နေချိန်‌၌ ဗြိတိန်ဘုရင်မင်းမြတ် နှင့် ရယ်မောကာ ဓာတ်ပုံရိုက်ခဲ့ကြသည်ကိုလည်းမြင်တွေ့ရသည်။

Blackpink အဖွဲ့အား ယူကေ အစိုးရက ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာရာသီဥတုညီလာခံ (COP – 26) ၏ ထောက်ခံအားပေးသူအဖြစ် ပထမဆုံးခန့်အပ်ခဲ့သည်။

ယင်းအခန်းကဏ္ဍမှတစ်ဆင့် ဂလတ်စ်ဂို ၌ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံနှင့် ရာသီဥတုဆိုင်ရာဆောင်ရွက်မှုခေါင်းစဉ်ဖြင့် လူငယ်သန်းပေါင်းများစွာကို ကမ္ဘာ့ရာသီဥတုအ‌ ရေး၌စိတ်ပါဝင်စားလာစေရန်တွန်းအားပေးနိုင်ခဲ့သဖြင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း ဘတ်ကင်ဂမ် နန်းတော်ကပြောကြားခဲ့သည်။

Blackpink အဖွဲ့ဝင်များသည် ဂုဏ်ထူးဆောင် MBE ဆုအား ဗြိတိန်ဘုရင်ကိုယ်တိုင် ပေးအပ်ချီးမြှင့်ပေးခြင်း ခံခဲ့ရရုံသာမက ဗြိတိန်ဘုရင်က မိန့်ခွန်းပြောကြားရာတွင်လည်း အဖွဲ့ဝင်တစ်ဦးချင်းစီ၏နာမည်များအားထည့်သွင်းပြောကြားကာ ဂုဏ်ပြုခြင်းကိုလည်းခံခဲ့ရသေးကြောင်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here