EPS စနစ်ဖြင့် တောင်ကိုရီးယားသို့ မြန်မာလုပ်သား (၁၄၀) ကျော်စေလွှတ်ထား

0
205

တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် နိုဝင်ဘာလ (၂၂) ရက်တွင် မြန်မာလုပ်သား (၁၄၈) ဦးကို စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

မြန်မာကုန်ထုတ်လုပ်သားသစ် (၁၄၈) ဦးကို နိုဝင်ဘာလအတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်မှုသည် စက်တင်ဘာလ နောက်ပိုင်းလျော့ကျခဲ့ရာ ပြီးခဲ့သည့်အောက်တိုဘာလအတွင်းတွင်လည်း မြန်မာလုပ်သားစေလွှတ်မှု (၂) ကြိမ်သာရှိခဲ့ပြီး လုပ်သားအရေအတွက် (၃၃၂) ဦးသာ စေလွှတ်ခဲ့ကြောင်း သံရုံး၏ စာရင်းများအရ သိရသည်။

ပြည်တွင်းမှ လုပ်သားအများစုသည် ပြည်ပထွက်ခွာမှု ပိုမိုမြင့်တက်လာကာ ထိုင်းနိုင်ငံသို့အများဆုံး သွားရောက်လုပ်ကိုင်ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်ပထွက်ကာ အလုပ်လုပ်ကိုင်မှု မြင့်လာခြင်းကြောင့် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများတွင်လည်း လုပ်သားရှားပါးမှု ပြသနာကို ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here