ဖားကန့်တွင် အမျိုးသား တစ်ဦးကို အမည်မသိ လူငယ် (၇) ဦးက ‌ေ-သနတ်ပြ ဓ-ားပြတိုက်ကာ ဖုန်းနှင့် ဆိုင်ကယ်လုယက်မှုဖြစ်

0
209

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အမျိုးသားတစ်ဦးကို အမည်မသိ လူငယ် (၇) ဦးမှ အုပ်စုဖွဲ့ကာ ဓ-ားပြတိုက်လုယက်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဆိုင်းတောင်ကျေးရွာ မြို့ပတ်လမ်းတွင် နိုဝင်ဘာ (၂၂) ရက် နေ့လယ် (၁) နာရီဝန်းကျင်က ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသားတစ်ဦးအား လူငယ် (၇) ဦးက ‌ေ-သနတ်ဖြင့်ထောက်ပြီး ဓ-ါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

” ခုနှစ်ယောက်လောက်ရှိမယ် ပြောတယ်။ လူငယ်တစ်စုပေါ့ ။‌ေ-သနတ်အတိုတွေ ဓ-ားတွေပါတယ်။ ဖားကန့်မှာ အခုလို ဓ-ားပြတိုက်တာတွေက မကြာခဏ ဖြစ်ပွားနေတာ “ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဓ၀ါးပြတိုက်မှု ဖြစ်စဥ်‌ကြောင့် ဆိုင်ကယ်မောင်းလာသူအမျိုးသား၏ ဖုန်းနှင့် ဆိုင်ကယ်တို့ ပါသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းကလည်း လုံးခင်းကျေးရွာရှိ ဆေးဆိုင်တစ်ဆိုင်၌ အမျိုးသား (၇)ဦးက ‌ေ-သနတ်ထောက်ပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် လုယက်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here