ပီရူးတွင် နှစ်ပေါင်း ၁,၀၀၀ သက်တမ်းရှိ မံမီကလေးရုပ်အလေ-ာင်းများအားရှာဖွေတွေ့ရှိ

0
234

လီမာ၊နိုဝင်ဘာ ၂၂

ပီရူးနိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်များသည် နှစ်ပေါင်း ၁,၀၀၀ သက်တမ်းရှိ မံမီက‌လေးရုပ်အလေ-ာင်းလေးခုကို တူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါမံမီရုပ်အလေ-ာင်းလေးများသည် အင်ကာအင်ပါယာ မထွန်းကားမီ ပီရူးအလယ်ပိုင်းကမ်းရိုးတန်းတွင် ဖြစ်ပေါ်လာသော Ychsma ယဉ်ကျေးမှုမှ ကလေးများ ဖြစ်နိုင်သည်ဟု သုတေသီများကယုံကြည်ကြသည်။

ယခုတွေ့ရှိရသော ရုပ်အလေ-ာင်းများအား တစ်ချိန်ကဘုရားကျောင်းဖြစ်ခဲ့ဟန်တူသော တောင်ကုန်းငယ်လေးတစ်ခုပေါ်ရှိလှေကားထစ်များအနီးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။Lima’s Rimac ခရိုင်ရှိ ရှေးဟောင်းသုတေသနပညာရှင် Luis Takuda ကမူ အဆိုပါဘုရားကျောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်ကတည်ဆောက်ခဲ့ခြင်းဖြစ်နိုင်သည်ဟုဆိုခဲ့သည်။

“ဒီဧရိယာတစ်ခုလုံးက အလွန်အရေးကြီးတဲ့ အခမ်းအနားကျင်းပရာနေရာတစ်ခုဖြစ်ပြီး Ychsma ကာလကဒီနေရာကို မြင့်မြတ်တဲ့နေရာလို့ယူဆကြတာကြောင့် ‌ေ-သဆုံးသူတွေကို ဒီမှာသင်္ဂြိုဟ်ကြတာပါ” ဟုလည်း၎င်းကဆိုသည်။

မံမီတွေရဲ့ ဦးခေါင်းခွံတွေမှာ ဆံပင်တွေရှိနေသေးသည်ဟု Takuda ကပြောကြားခဲ့ပြီး ၎င်းမံမီရုပ်‌အလေ-ာင်းများကို အခြားကြွေထည်ပစ္စည်းများနှင့်အတူတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

Source : ရိုက်တာ/ဒဗလျူကေ


LEAVE A REPLY

Please enter your comment!
Please enter your name here