ဘိုးဘွားများကို သွားတု/အံကပ်များ အခမဲ့ တပ်ဆင်ပေးခြင်းအား ကျန်းမာရေးဝန်ကြီးဌာနမှလုပ်မည်

0
803

မြန်မာနိုင်ငံရှိ သက်ကြီးဘိုးဘွားများ အရည်အသွေးပြည့်ဝသော လူနေမှုစနစ်ကို တိုးမြှင့်ရရှိခံစားနိုင်စေရေး သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သွားတု/အံကပ်များ အခမဲ့ တပ်ဆင်ပေးခြင်းကို တိုးချဲ့လုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ လူတိုင်းလက်လှမ်းမှီ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေရာ သက်ကြီးရွယ်အိုများအတွက် သွားတု/အံကပ်များကို အခမဲ့ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ လုပ်‌ဆောင်ပေးလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်ရှိ သွားနှင့် ခံတွင်း အထူးကုဆေးရုံ (သာကေတ)တွင် နိုဝင်ဘာ (၁၃) ရက်မှ နိုဝင်ဘာ (၁၅)ရက်အထိ သက်ကြီးပုဂ္ဂိုလ် (၃၀) ဦးအား အံကပ်များ အခမဲ့ ပြုလုပ်တပ်ဆင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အလားတူ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံတွင်လည်း အောက်တိုဘာ (၂၄) ရက်မှ အောက်တိုဘာ (၂၆)ရက်အထိ သက်ကြီးပုဂ္ဂိုလ် (၅၀)ဦးအား အံကပ်များကို အခမဲ့ ပြုလုပ်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သက်ကြီးပုဂ္ဂိုလ်များကို သွားတု/အံကပ်များ တပ်ဆင်ပေးပြီးနောက် အစာအာဟာရ ပြည့်စုံခြင်း၊ကိုယ်/စိတ် ခွန်အား တက်ကြွကာ လူမှုရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လာနိုင်ခြင်း၊ အရည်အသွေးပြည့်ဝသော လူနေမှုစနစ်ကို ရရှိခံစားနိုင်ရန်မျှော်လင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here