မြောက်ဒဂုံ ဘေလီတံတား အဆင်းတွင် Light Truk ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျ ၂ ဦး ထိခိုက်ဒဏ်ရာရ

0
200

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် ဘေလီတံတား မြောက်ဒဂုံမှ တောင်ဥက္ကလာအဆင်းတွင် Light Truk ယာဉ်တစ်စီး လမ်းဘေးချောက်ထဲသို့ ထိုးကျရာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ် ဘေလီတံတား မြောက်ဒဂုံမှ တောင်ဥက္ကလာအဆင်းတွင် နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က Light Truk ယာဉ်တစ်စီး လမ်းဘေးချောက်ထဲသို့ ထိုးကျမှုကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Light Truk ယာဉ် လမ်းဘေးချောက်ထဲသို့ ထိုးကျမှုကြောင့် ဒဏ်ရာရရှိသူ (၂) ဦးကို (မစိုးရိမ်ရ) ဒေသတွင်း လူမှုကူညီရေးအသင်းများမှ ကူညီဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here