နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်အတွက် အသင်းချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအခြေစိုက်၊ ဘင်္ဂလားဒေ့ရှ်သံရုံးမှ အမတ်ကြီး H.E. Dr. Md. Monwar Hossain, PhD နှင့် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်စေရေး၊ ကုန်စည်များကူးသန်းရောင်းဝယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု အားကောင်း လာစေရေး၊ စီးပွားရေးအခွင့်အလမ်းများရှာဖွေနိုင်ရေးအတွက် အသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်သံရုံးတို့ နီးကပ်စွာချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။