မန္တလေး-ပြင်ဦးလွင် ကားလမ်းတွင် ယာဥ်တိုက်မှုဖြစ်ပွားပြီး ကားမှာ ချောက်အတွင်းထိုးကျသွားမှုကြောင့် (၃) ဦး‌ေ-သ (၄)ဦး ဒဏ်ရာရ

0
309

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ယနေ့ နိုဝင်ဘာ (၂၄) ရက် နံနက်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားမှာ ချောက်အတွင်းထိုးကျသွားမှုကြောင့် (၃) ဦး‌ ‌ေ-သဆုံးကာ (၄)ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်သည် မန္တလေး-ပြင်ဦးလွင်ကားလမ်း (၁၈) မိုင် (၄) ဖာလုံတွင် ယနေ့နံနက် (၈) နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ထံမှ သိရသည်။

“Light Truck ကားက အဆင်းလမ်းမှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့က ကားကို တိုက်မိသွားတယ်။ ပြီးတော့ လမ်းဘေးချောက်ထဲကို ထိုးကျပြီး တိမ်းမှောက်သွားတာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ယာဥ်မတော်တဆမှု ဖြစ်စဥ်ကြောင့် Light Truck ယာဉ်ပေါ်လိုက်ပါလာသူများအနက် ကျား (၃) ဦး ေ-သဆုံးပြီး မ (၁) ဦး (စိုးရိမ်ရ)နှင့် ကျား (၃) ဦး (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည့်အတွက် နယ်မြေခံ စေတနာမွန်(အုန်းချော) အသင်းနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး) မှ ရှာဖွေကယ်ဆယ်ရေးယာဥ် နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ထွက်ခွာကာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here