မြောက်ဥက္ကလာပမြို့နယ် ဘုန်းကြီးလမ်းမီးပွိုင့်အနီးရှိ အမှိုက်ပုံ မီးလောင်မှုဖြစ်ပွား

0
199

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁) ရပ်ကွက်၊ ဘုန်းကြီးလမ်းမီးပွိုင့်အနီးတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားရာ မိနစ် ၂၀ ခန့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ နိုဝင်ဘာ (၂၄) ရက် နံနက် (၇) နာရီ (၄၀) မိနစ် အချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုန်းကြီးလမ်းမီးပွိုင့်အနီးရှိ အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၇) နာရီ (၄၉) မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၈) နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှိုက်ပုံ မီးလောင်မှုမှာ ဆေးလိပ်မီးမှတဆင့် စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောကြားမှုများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here