ကျပ်သန်း ၃၇၀၀ ကျော်နှင့် ဒေါ်လာ ဝ.၆၀၅ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုကို YRIC ခွင့်ပြု

0
185

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) သည် ငွေကျပ် (၃၇၇၉.၉၇၂) သန်းနှင့် အမေရိကန်ဒေါ်လာ (ဝ. ၆၀၅) သန်း တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ (၂၂) ရက်က ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့သည့် (၁၁/၂၀၂၃) အစည်းအဝေးတွင် အထက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ပြည်တွင်း၌ လုပ်ငန်းဆောင်ရွက်ခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးမှ ခွင့်ပြုလိုက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် စက်မှုကဏ္ဍ၌ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် နိုင်ငံသားလုပ်ငန်း (၂) ခုနှင့် ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ ပါဝင်ကြောင်း သိရသည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် အသင့်စား ခေါက်ဆွဲခြောက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ နိုင်ငံသား ၈၈၇ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here