ကလေးငယ်များ ဓ-ားကိုင်တိုက်ခိုက်ခံရမှုဖြစ်ပြီးနောက် ဒဗ္ဗလင်မြို့မှာ အဓိကရုဏ်းများပေါ်ပေါက်

0
163

အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ ကလေး သုံးဦးအပါအဝင် လူငါးဦး ဒဏ်ရာရခဲ့တဲ့ ဓ-ားကိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့မှုကြောင့် မြို့လယ်တစ်ဝိုက်မှာ ဆူပူအဓိကရုဏ်းတွေ ပေါ်ပေါက်နေခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုဟာ အကြမ်းဖက်မှုဖြစ်စဉ်လား ဒါမှမဟုတ် ဘာအကြောင်းရင်းကြောင့် တိုက်ခိုက်ရသလဲဆိုတာကို ရဲတပ်ဖွဲ့က ကောက်ချက်မချနိုင်သေးဘူးလို့ဆိုပါတယ်။

အိုကွန်နယ်လမ်းရဲ့အဓိကလမ်းမကြီးဘေးရှိ အခင်းဖြစ်ပွားရာ နေရာကို ရွှေ့ပြောင်းအခြေချသူများ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ရောက်ရှိလာကြပြီး ရဲတပ်ဖွဲ့နဲ့ရုန်းရင်းဆန်ခတ် တို က်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေ ရပ်ဆိုင်းထားသလို မဖြစ်မနေအခြေအနေမှာတောင် သားဖွားဆေးရုံအနီးကို မသွားလာကြဖို့ အကြံပြုထားခဲ့ပါတယ်။

ဒန်နီရယ် အိုကွန်နယ်ရုပ်ထုရှေ့မှာ နှစ်ထပ်ဘတ်စ်ကားတစ်စီး မီးရှို့ခံခဲ့ရသလို အနီးနားက Holiday Inn ဟိုတယ်နဲ့ Mc Donalds စားသောက်ဆိုင်တွေရဲ့မှန်ပြတင်းတွေ ရိုက်ခွဲခံခဲ့ရပါတယ်။ ဒါ့အပြင် Footlocker စတိုးဆိုင်တစ်ခုလည်း လုယက်ခံခဲ့ရကြောင်း သိရပါတယ်။

တရားဥပဒေ စိုးမိုးမှု ထိန်းသိမ်းရေးအတွက် တပ်ဖွဲ့ဝင် ၄၀၀ ခန့်ဖြန့်ကျက်ထားတယ်လို့ ရဲမင်းကြီး ဒရူးဟာရစ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရဲကားတစ်စီးလည်း မီးရှို့ခံခဲ့ရပြီး ဒဗ္ဒလင်မြို့မှာ အရင်က ဒီလို အဓိကရုဏ်းမျိုး မဖြစ်ခဲ့သလောက်နီးပါးရှိခဲ့တာပါ။

လွှတ်တော်မှာ လက်ယာစွန်းရောက် ပါတီတွေနဲ့ လက်ယာစွန်းနိုင်ငံရေးသမားတွေမရှိပေမယ့် ပြီးခဲ့တဲ့နှစ်က ရွှေ့ပြောင်းအခြေချသူ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ အင်အားကြီးထွားလာခဲ့တယ်လို့ သိရပါတယ်။

အိုင်ယာလန် နိုင်ငံအတွင်း ရွှေ့ပြောင်းအခြေချဦးရေ မြင့်တက်လာသလို ရုးရှားရဲ့ကျူးကျော်မှု စတင်ချိန်မှစကာ နိုင်ငံအတွင်း ဝင်ရောက်လာတဲ့ ယူကရိန်းနိုင်ငံသား (၁) သိန်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here