Sunday, March 9, 2025

နစက ဥက္ကဋ္ဌ၏ ရုရှားနိုင်ငံခရီးစဥ်အတွင်း မြန်မာနိုင်ငံအတွက်ကြိုးပမ်းဆောင်ရွက်မှုများအပေါ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ သည် ရုရှားနိုင်ငံသမ္မတ၊ ဘီလာရုစ်နိုင်ငံသမ္မတတို့၏ ဖိတ်ကြားချက်အရ မတ် ၃ ရက်မှစတင်ကာ ရုရှားနိုင်ငံနှင့်...

မြန်မာ-ရုရှားနှစ်နိုင်ငံ အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၈ ရက်က ရု...

တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ငါးလုပ်ငန်းစခန်း...

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂ ၅) ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ငါးမွေးမြူသူများသည် ဧပြီလမှစ၍ ငါးသားပေါက်များ...

ဝေးလံကျေးလက် ဒေသများအတွက် ဓာတ်အားစနစ် သီးခြားပေးနိုင်ရေး...

ဝေးလံကျေးလက်ဒေသများအတွက် ဓာတ်အားစနစ် ပြင်ပသီးခြားဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅)...
HomeNewsLocal Newsရုရှားဓာတ်မြေသြဇာသုံး ဆင်းသုခမိုးစပါး ရက်...

ရုရှားဓာတ်မြေသြဇာသုံး ဆင်းသုခမိုးစပါး ရက် (၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိတ်သိမ်း

ရုရှားသဘာဝဓာတ်မြေသြဇာ အသုံးပြု၍ စိုက်ပျိုးထားသည့် ဆင်းသုခမိုးစပါး ရက်(၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရုရှားရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ရော့စ်ကွန်ဂရက်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာတွင် ရုရှားသဘာဝဓာတ်မြေသြဇာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စပါးခင်း ရိပ်သိမ်းနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်လတာဝန်ရှိသူများက နိုဝင်ဘာလ (၂၃) ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရုရှားသဘာဝဓာတ်မြေသြဇာ အားဖြည့်ဆေးရည် အသုံးပြုခြင်းအားဖြင့် တစ်လီတာကို စိုက်မြေဧက (၆) ဧကအထိ အသုံးပြုနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့် မြန်မာကျပ်ငွေ (၉၀၀၀) ခန့်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

တစ်ဧကအတွက် ဆေးရည် ၁၈၀ မီလီမီတာ အသုံးပြုပါက ကုန်ကျစရိတ်အနေဖြင့် မြန်မာကျပ်ငွေ (၃၀၀၀) ခန့်သာ ကျသင့်မည်ဖြစ်ပြီး သဘာဝဓာတ်မြေသြဇာ အားဖြည့်ဆေးရည် အသုံးပြုခြင်းအားဖြင့် ပုလဲဓာတ်မြေသြဇာ အသုံးပြုမှုကို (၃၀) ရာခိုင်နှုန်းအထိ လျှော့ချအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတွက်ကြောင့် ကုန်ကျစရိတ်များ သက်သာသွားမည့်အပြင် မြေဆီလွှာပျက်စီးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် အထွက်တိုးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

သဘာဝဓာတ်မြေသြဇာ အားဖြည့်ဆေးရည်များ လုံလောက်စွာ ရရှိရေးအတွက် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း၍ သဘာဝဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နစက ဥက္ကဋ္ဌ၏ ရုရှားနိုင်ငံခရီးစဥ်အတွင်း မြန်မာနိုင်ငံအတွက်ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အဖွဲ့အစည်း(၁၂)ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်းစာထုတ်ပြန်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ သည် ရုရှားနိုင်ငံသမ္မတ၊ ဘီလာရုစ်နိုင်ငံသမ္မတတို့၏ ဖိတ်ကြားချက်အရ မတ် ၃ ရက်မှစတင်ကာ ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဥ်သွားရောက်လျက်ရှိသည်။ ထိုသို့ သွားရောက်စဥ် နစက ဥက္ကဋ္ဌသည် ရုရှားနိုင်ငံသမ္မတ၊ ဘီလာရုစ်နိုင်ငံသမ္မတ၊ ရုရှားနိုင်ငံဝန်ကြီးချုပ်တို့အပါအဝင် နိုင်ငံအဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့်ရလဒ်များရရှိစေရန် တွေ့ဆုံဆွေးနွေးကာ နိုင်ငံအတွက်ကြိုးပမ်းဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။ ထို့ကြောင့် နစက ဥက္ကဋ္ဌ၏ နိုင်ငံအတွက် ကြိုး ပမ်းဆောင်ရွက်လျက်ရှိမှုများနှင့်ပတ်သက်၍ အဖွဲ့အစည်း(၁၂)ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထားထုတ်ပြန်ချက်များကို အသီးသီးထုတ်ပြန်ခဲ့ကြသည်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ၊...

မြန်မာ-ရုရှားနှစ်နိုင်ငံ အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၈ ရက်က ရု ရှားနိုင်ငံ၊ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း JSC Progress စက်ရုံကိုကြည့်ရှုလေ့လာစဥ် ရုရှားနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပို ရေးရှင်း JSC Progress စက်ရုံသို့ရောက်ရှိလာသည့် နစက ဥက္ကဋ္ဌအား...

တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂၅)ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂ ၅) ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ငါးမွေးမြူသူများသည် ဧပြီလမှစ၍ ငါးသားပေါက်များ ပြန်လည်ထည့်သွင်း မွေးမြူကြမည်ဖြစ်သည့်အတွက် ကြီးထွားနှုန်းကောင်းမွန်သည့် ငါးသားပေါက်များကို ထည့်သွင်းမွေးမြူ၍ ဝင်ငွေတိုးတက်ရရှိစေရန် တိုင်းဒေသကြီး/ ပြ ည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂၅) ခုမှ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမ ကြီး၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ငါးတန်၊ ရေချိုငါးမုတ် စသည့်ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဝယ်ယူလိုသူများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071