ရုရှားဓာတ်မြေသြဇာသုံး ဆင်းသုခမိုးစပါး ရက် (၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိတ်သိမ်း

0
172

ရုရှားသဘာဝဓာတ်မြေသြဇာ အသုံးပြု၍ စိုက်ပျိုးထားသည့် ဆင်းသုခမိုးစပါး ရက်(၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရုရှားရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ရော့စ်ကွန်ဂရက်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာတွင် ရုရှားသဘာဝဓာတ်မြေသြဇာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စပါးခင်း ရိပ်သိမ်းနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်လတာဝန်ရှိသူများက နိုဝင်ဘာလ (၂၃) ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရုရှားသဘာဝဓာတ်မြေသြဇာ အားဖြည့်ဆေးရည် အသုံးပြုခြင်းအားဖြင့် တစ်လီတာကို စိုက်မြေဧက (၆) ဧကအထိ အသုံးပြုနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့် မြန်မာကျပ်ငွေ (၉၀၀၀) ခန့်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

တစ်ဧကအတွက် ဆေးရည် ၁၈၀ မီလီမီတာ အသုံးပြုပါက ကုန်ကျစရိတ်အနေဖြင့် မြန်မာကျပ်ငွေ (၃၀၀၀) ခန့်သာ ကျသင့်မည်ဖြစ်ပြီး သဘာဝဓာတ်မြေသြဇာ အားဖြည့်ဆေးရည် အသုံးပြုခြင်းအားဖြင့် ပုလဲဓာတ်မြေသြဇာ အသုံးပြုမှုကို (၃၀) ရာခိုင်နှုန်းအထိ လျှော့ချအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတွက်ကြောင့် ကုန်ကျစရိတ်များ သက်သာသွားမည့်အပြင် မြေဆီလွှာပျက်စီးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် အထွက်တိုးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

သဘာဝဓာတ်မြေသြဇာ အားဖြည့်ဆေးရည်များ လုံလောက်စွာ ရရှိရေးအတွက် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း၍ သဘာဝဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here