အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ပိတ်မိနေသူ ဗီယက်နမ် ၇၀၀ ကျော်အားကယ်ထုတ်နိုင်ခဲ့

0
213

ဟနွိုင်း၊နိုဝင်ဘာ ၂၄

မြန်မာ – တရုတ်နယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများနှင့် ကာစီနိုများ၌ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား အယောက် ၇၀၀ ကျော်အားကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ဟနွိုင်း၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါနိုင်ငံသားများသည် လက်ရှိအချိန်တွင်ယာယီဘေးကင်းရာဇုန်တွင် ရှိနေကြောင်းနှင့် အချို့မှာ ၎င်းတို့၏ အထောက် အထားများကို စိစစ်ဆဲဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ တရုတ် – မြန်မာနယ်စပ်တွင် တိုက်ပွဲများအရှိန်မြင့်ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနှင့်ဗီယက်နမ်သံရုံးများကထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းရရှိပြီးကတည်းက နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးအား ဒေသဆိုင်ရာအာဏာပိုင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဗီယက်နမ်နိုင်ငံသားများဘေးကင်းရေးနှင့် နေရာထိုင်ခင်းများပံ့ပိုးပေးရန်၊ပဋိပက္ခဖြစ်ပွားရာဒေသများမှလူများကို ဘေးကင်းရာသို့ရွှေ့ပြောင်းခြင်းများကိုပါလုပ်ဆောင်ပေးရန်ညွှန်ကြားထားခဲ့သည်ဟုဆိုသည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဗီယက်နမ်နိုင်ငံသားများကို ကူညီထောက်ပံ့ပေးနိုင်ရန် မြန်မာနှင့်တရုတ်နိုင်ငံများရှိ ဗီယက်နမ်သံရုံးကိုယ်စားလှယ်များဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံရှမ်းပြည်နယ်တွင် ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် နိုင်ငံခြားသားများသည် အွန်လိုင်းအသုံးပြုကာလိမ်လည်မှုများ ကျူးလွန်နေသည့်ဂိုဏ်းများလက်ထဲတွင်ပိတ်မိနေခဲ့ရာပြန်လည်ကယ်တင်ခဲ့ရကြောင်းလည်းသိရသည်။

ပြီးခဲ့သောရက်ပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၃၀၀ ကျော်ကို ပြန်လည်ကယ်ထုတ်ကာ မိခင်နိုင်ငံသို့ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။

Source : ဗီယက်နမ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here