လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပြီး ကွင်းဆက်အရ တောင်ကြီးမြို့တွင် ပစ္စတိုသေနတ် ၂ လက်နှင့် လက် ပစ်ဗုံး ၂ လုံး ထပ်မံ သိမ်းဆည်းရမိ

0
269

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒ သမ ၅ သန်း ဖမ်းဆီးရမိပြီး ကွင်းဆက်အရ တောင်ကြီးမြို့တွင် ပစ္စတိုသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၂ လုံး ထပ်မံ သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာလ (၁ ၂) ရက် ည ၁၀ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးဘက်သို့ ခင်ထွေး(ခ)ခင်သိန်း မောင်းနှင်လာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ (၂၀)ရက်၊ ညနေ (၅) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့သည် ကွင်းဆက်တရားခံ စိုင်းလွယ်ခမ်း နေထိုင်သည့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွ က်ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ပစ္စတိုသေနတ် (၂) လက်၊ ကျည်အိမ် (၂) ခု၊ 9 MM LUG ER ကျည် (၅၀) တောင့်၊ လက်ပစ်ဗုံး (၂) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ TOYOTA HARRIER မော်တော်ယာဉ် (၂) စီး၊ TOYOTA CROWN မော်တော်ယာဉ် (၁) စီးတို့ကို သိမ်းဆ ည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြ ည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကာ အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအ ဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here