ဓ-ါးစာခံပထမအသုတ်စလွှတ်၊ထိုင်း ၁၂ ယောက်အားသီးခြားထပ်လွှတ်ပေးဟုဆို

0
230
(Photo by HAZEM BADER / AFP)

ဂါဇာ၊နိုဝင်ဘာ ၂၄

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား သဘောတူထားသည့် လေးရက်တာအပစ်အခတ်ရပ်စဲရေးအစီအစဉ်အား စတင်အကောင်အထည်ဖော်နေပြီးဖြစ်ကာ လက်ရှိအချိန်၌ ဟားမတ်စ် တို့က ဓ-ါးစာခံ ၁၃ ဦးကို စတင်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အစ္စရေးမီဒီယာများကဖော်ပြခဲ့သည်။

ထို့အပြင် ဓ-ါးစာခံအဖြစ်ဖမ်းဆီးခံထားရသည့် ထိုင်းလူမျိုး ၁၂ ဦးကိုလည်း သီးခြားထပ်လွှတ်ပေးခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်ဆရီသာသာဗီဆင်ကပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါထိုင်းလူမျိုးများသည် ဂါဇာမှထွက်ခွာလာပြီး အစ္စရေးရှိဆေးရုံသို့သွားရောက်ကာ လိုအပ်သောဆေးကုသမှုများခံယူဦးမည်ဖြစ်ကြောင်း အစ္စရေးအရာရှိတစ်ဦးကအတည်ပြုပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲထားသည့် လေးရက်တာကာလအတွင်း ဟားမတ်စ်ဘက်မှ ဓ-ါးစာခံစုစုပေါင်းအယောက် ၅၀ အားလွှတ်ပေးမည်ဖြစ်ကာ အဆိုပါ ၅၀ တွင် ထိုင်းလူမျိုး ၁၂ ဦးအား ထည့်သွင်းရေတွက်ခြင်းရှိမရှိကိုမူမသိရသေးကြောင်းလည်းပြောကြားခဲ့သည်။

အစ္စရေးက ထိန်းသိမ်းထားသူများအနက် လူဦးရေ ၁၅၀ အားလွှတ်ပေးမည်ဖြစ်ကာ အမျိုးသမီးများနှင့် ဆယ်ကျော်သက်အရွယ်များကိုအဓိကထားလွှတ်ပေးမည်ဖြစ်ပြီး ၎င်းတို့ထဲတွင် အချို့အမျိုးသမီးများနှင့်ဆယ်ကျော်သက်များသည် အစ္စရေးတပ်များအား ခုခံရာ၌ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ကြသူများလည်းဖြစ်သည်ဟု ပါလက်စတိုင်းအကြီးအကဲကဆိုသည်။

အများစုကမူ ယခုအပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် စစ်ပွဲပြီးဆုံးသည်အထိရောက်ရှိရန်မျှော်လင့်ထားသော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ဟားမတ်စ်၏ စစ်ရေးစွမ်းရည်များကိုလုံးဝဖျက်ဆီးပစ်ရန်နှင့် ဂါဇာရှိ ဟားမတ်စ်တို့၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကိုအဆုံးသတ်ကာ ဓ-ားစာခံများအားလုံးပြန်လွှတ်ရမည်ဟုသာ ပြောကြားခဲ့သည်။

Source : AP News


LEAVE A REPLY

Please enter your comment!
Please enter your name here