မြေတူးစက် ပြဿနာဖြစ်တာကြာင့် ဥမင်လမ်းကြောင်းအတွင်း ပိတ်မိနေသော အိန္ဒိယအလုပ်သမားများကယ်ဆယ်ရေးလုပ်ငန်း ကြန့်ကြာ

0
811
Rescue personnel work at the mouth of the collapsed under construction Silkyara tunnel in the Uttarkashi district of India's Uttarakhand state, on November 24, 2023. Just a few metres of rock and earth separate Indian rescue teams from 41 workers who have been trapped inside a collapsed road tunnel for nearly two weeks, officials said on November 24, saying they were optimistic of success within hours. (Photo by Arun SANKAR / AFP)

အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသ မြေအောက် ဥမင်လမ်းကြောင်းတစ်ခု ပြိုကျခဲ့မှုအတွင်း ပိတ်မိနေတာ နှစ်ပတ်နီးပါးကြာပြီဖြစ်တဲ့ အလုပ်သမား ၄၁ ဦးကို ကယ်ထုတ်နိုင်ရေးဟာ မြေတူးစက်အစိတ်အပိုင်း ပြဿနာဖြစ်ခဲ့မှုကြောင့် လုပ်ငန်းစဉ်နှောင့်နှေးကြန့်ကြာသွားရတယ်လို့ တာဝန်ရှိသူတစ်ဦးက သောကြာနေ့(နိုဝင်ဘာ ၂၄) မှာ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမယ့် အလုပ်သမားတွေရှိရာ ရောက်ရှိရေး တူးဖောက်မှုလုပ်ငန်းစဉ် မကြာခင်ပြန်စနိုင်ဖို့ရှိတယ်လို့လည်း သူက ပြောဆိုပါတယ်။

ဥတာရာခန်ပြည်နယ်ရှိ မြေအောက်ဥမင်ဟာ နိုဝင်ဘာ ၁၂ ရက် အစောပိုင်းက ပြိုကျသွားခဲ့တာဖြစ်ပြီး ၄ ဒဿမ ၅ ကီလိုမီတာရှိတဲ့ လမ်းကြောင်းအတွင်း ဆောက်လုပ်ရေးလုပ်သားတွေ ပိတ်မိသွားခဲ့တာဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့အလင်းရောင်၊ အောက်ဆီဂျင်၊ စားစရာနဲ့ဆေးဝါးတွေ ရရှိနေကြပြီး လုံခြုံဘေးကင်းစွာရှိနေကြတယ်လို့အာဏာပိုင်တွေက ပြောဆိုပါတယ်။

ကျောက်တုံးကျောက်ခဲနဲ့သတ္ထုအပိုင်းအစတွေကို တူးဖောက်ကာ ကယ်ဆယ်ရေး ပိုက်လိုင်းတစ်ခုချပြီး သူတို့ကို ကယ်ထုတ်ဖို့ကြိုးပမ်းမှုဟာ မမျှော်လင့်ဘဲ နှောင့်နှေးခဲ့ရတာပါ။

ကြာသပတေးနေ့အနှောင်းပိုင်းလောက်မှာ တူးဖောက်မှုလုပ်ငန်းစဉ် ပြီးစီးမယ်လို့ ကယ်ဆယ်ရေးသမားတွေ မျှော်မှန်းထားပေမယ့် မြေတူးစက်လွန်ပူ ပလက်ဖောင်း ထိခိုက်မိပြီး ပြင်ဆင်ရမှာဖြစ်တာကြောင့် လုပ်ငန်းစဉ်ရပ်ဆိုင်းလိုက်ရတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်နေသူဖြစ်တဲ့ ဒီးပက်ပါတေးက ပြောဆိုခဲ့ပါတယ်။

အပြိုအပျက်ပုံမီတာ ၆၀ လောက်မှာ ၁၀ မီတာလောက်ပဲ တူးဖောက်ဖို့ကျန်ရှိတော့ပြီး မြေတူးစက်ပြန်အသင့်ဖြစ်တာနဲ့ လုပ်ငန်းပြန်စသွားမှာဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here