တန်ဆောင်တိုင် စျေးရောင်းပွဲတော် နှင့် မီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ပြုလုပ်

0
244

ပြည်သူ့ရင်ပြင်တွင် သုံးရက်တိုင်တိုင် ကျင်းပမည့် တန်ဆောင်တိုင် စျေးရောင်းပွဲတော် နှင့် မီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၂၅) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ (၂၅) ရက်မှ (၂၇) ရက်အထိ သုံးရက်တိုင်ကျင်းပမည်ဖြစ်‌ပြီး E-Sport ပြိုင်ပွဲများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ဖျော်ဖြေပွဲများ၊ ဟာသပညာရှင်များ၏ ဖျော်ဖြေပွဲများ၊ မီးရှူးမီးပန်း ပစ်ဖောက်မည့် အစီစဉ်များ အပါအဝင် အခြားပျော်ပွဲရွှင်ပွဲ အစီစဉ်များစွာလည်း ပါဝင်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“ဒီပွဲတော်မှာ ထူးခြားချက် အနေနဲ့ Super Seven Stars Industrial Development ကုမ္ပဏီက ဂျာမနီ၊ အီတလီ၊ တူရကီ စတဲ့ ဥရောပ စက်မှုနိုင်ငံတွေသာမက တခြားသော တခြားသော စက်မှုနိုင်ငံ (၉)နိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီပေါင်း (၃၁) ခုက ထုတ်လုပ်နေတဲ့ စက်ယန္တရား မောင်းနှင်ပြသမှုတွေကို (၂၅) လက်မ တီဗွီ (၁၅) လုံးနဲ့ ပြသသွားမှာ ဖြစ်သလို အဲဒီ စက်ယန္တရားက ထုတ်လုပ်တဲ့ အရည်အသွေးမြင့် ပစ္စည်း (၄ ၀၀) ကျော်နဲ့ Authentic Production ကုမ္ပဏီက ပြည်တွင်း စက်ရုံထုတ် ရေပိုက်တွေ၊ ရေတိုင်ကီတွေ နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါ ပွဲတော်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန်များက လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက် ရောင်းချသော ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၄၅၅) ခန်းကျော် ပြသရောင်းချမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here