တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသတွင် ပုံမှန်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

0
289

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေး လေ့ကျင့်မှုအား တရုတ် – မြန်မာနယ်စပ်ဒေသတွင် နိုဝင်ဘာလ (၂၅) ရက်၌ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင် သတင်းဌာနတွင် ပြောဆိုလိုက်သည်။

တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဒေသအတွက် တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသက ပုံမှန်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ကို မြန်မာနိုင်ငံသို့ အကြောင်းကြားထားကြောင်း ၎င်းက ပြောသည်။

“တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ (၂၅) ရက်မှာ စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လုပ်ဆောင်မယ့်နေရာကတော့ တရုတ်-မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင် သတင်းဌာနတွင် ပြောဆိုသည်။

ထိုသို့ လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်ရေး၊ နည်မြေဒေသ လုံခြုံအေးချမ်းရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘက်သို့ အကြောင်းကြားလာသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ မူဝါဒအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒအပေါ်တွင် ရပ်တည်လျက်ရှိပြီး မြန်မာ့တပ်မတော်နှင့်အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက်မည်ဟု အကြောင်းကြားလာကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

မြန်မာ – တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး နှစ်ဘက် ဆက်လက် ပူးပေါင်းလုပ်ဆောင်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများနှင့် မြန်မာအစိုးရ တာဝန်ရှိသူများအကြား အပြန်အလှန်ဆွေးနွေးမှုများလည်း လုပ်ဆောင်လျက်ရှိနေခြင်း ဖြစ်သည်။

ဝေဟင်-မြေပြင် စစ်​ရေးလေ့ကျင့်ရေးကို တရုတ်နိုင်ငံပိုင်နက်အတွင်း ၂၀၁၅ ခုနှစ်၊ဇွန်လ ၂ ရက်တုန်းကလည်း တရုတ်-မြန်မာနယ်စပ်တလျှောက်လုပ်ဖူးခဲ့သည်။

ယခုအ​ခေါက် စစ်​ရေး​လေ့ကျင့်မှုက နိုဝင်ဘာ (၂၃) ရက် နံနက်ပိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ်၊ ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန်ကားဝန်းအတွင်းရှိကုန်ကားများ အစီး တရာ​ကျော် မီးလောင်ကျွမ်းမှုအပြီးတွင် ပြုလုပ်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here