ထိုင်းဘုရင့်ဖလားစိန်ခေါ်ပွဲ ဘရော်နီကာနှင့် အီရန်နိုင်ငံသူတို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

0
465

ထိုင်းဘုရင့်ဖလားစိန်ခေါ်ပြိုင်ပွဲအဖြစ် ကယန်းလက်ဝှေ့မယ်ဘရော်နီကာနှင့် အီရန်နိုင်ငံသူ ဇာရာရှိုကူဟီ (Zahra Shokouhi )တို့ နိုဝင်ဘာ (၂၆)ရက် ညနေထိုင်းစံတော်ချိန် (၆) နာရီ တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိန်ခေါ်ပွဲကို ထိုင်းနိုင်ငံ Khung Bang kachao Area phet Heung 7 Samut Prakan မှာ ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကြောင်း သိရသည်။

ဘရော်နီကာဖြင့် ထိုးသ-တ်မည့် အီရန်နိုင်ငံသူ ဇာရာရှိုကူဟီသည် အသက် (၂၁) နှစ် အရွယ်သာရှိပြီး၊ ပွဲပေါင်း (၄၆) ပွဲထိုးသ-တ်ထားကာ (၃၆) ပွဲအနိုင်၊ (၇) ပွဲအရှုံး ၊(၃) ပွဲသရေ ရလဒ်ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။

ယခု ပွဲစဉ်သည် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ၏ ချန်ပီယံဘွဲ့အား အီရန်နိုင်ငံသူ ဇာရာရှိုကူဟီ က စိန်ခေါ်ထိုးသ-တ်မည့် ပွဲစဉ်တစ်ခုဖြစ်သည်။

ဘရော်နီကာသည် ထိုင်းဘုရင့်ဖလားလက်ဝှေ့ ပြိုင်ပွဲလည်း ချန်ပီယံဘွဲ့ ဆွတ်ခူးထားသူတစ်ဦးဖြစ်ပြီး၊ ထိုင်း မွေထိုင်းလောကတွင် နာမည်ကြီး Thai Fight ကလပ်ကို ရောက်ရှိခဲ့ပြီး တစ်နှစ်ခွဲကျော်အတွင်း (၁၅)ပွဲထိုးသ-တ်ကာ (၁၄) ပွဲအနိုင်ရရှိထားသူ ဖြစ်သည်။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ပြီးခဲ့‌သော အောက်တိုဘာလ (၂၉) ရက်က Thai Fight ကလပ် ၏ မွေထိုင်း လက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းနာမည်‌ကျော် Phayasingha ကို သုံးချီထိုးသ-တ်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here