နိုင်ငံလက်ရွေးစင်များ ပေါ်ထွက်လာစေရန်နှင့် လာမည့် ဆီးဂိမ်းတွင် မြန်မာမှ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ ရေကူးပြိုင်ပွဲကျင်းပနေ

0
256

နိုင်ငံလက်ရွေးစင်များ ပေါ်ထွက်လာစေရန်နှင့် လာမည့် ဆီးဂိမ်းတွင် မြန်မာမှ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ကြီးမှူး၍ ၂၀၂၃ခုနှစ်၊ အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲကျင်းပနေကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ နိုင်ငံတော်အတွက် လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာအောင် ကြိုးစားဆောင်ရွက်ရန် ကလပ်အသီးသီးမှ ပြိုင်ပွဲများ ၊ စပွန်ဆာ ပြိုင်ပွဲများ၊ ပြည်တွင်း/ပြည်ပ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ပြိုင်ပွဲမှ စံချိန်မီသော အားကစားသမားများအား နိုင်ငံတကာဖိတ်ခေါ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရေကူးအားကစားနည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ခါးဆက်ပြတ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့်အတွက် လာမည့် ၂၀၂၅ခုနှစ်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံအနေဖြင့် ရေကူးအားကစားနည်း အဆင့်အတန်းမီမီ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပြိုင်ပွဲကို အောက်တိုဘာလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသားရေးကူးကန်၌ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားဦးရေ အမျိုးသား(၆၂)ဦး၊ အမျိုးသမီး (၄၈)ဦး စုစုပေါင်း (၁၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ပြိုင်ပွဲ ပွဲစဉ်ပေါင်း (၇၈)ပွဲ ဆုတံဆိပ်ပေါင်း (၂၃၄)ဆု ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here