မြန်မာနိုင်ငံနဲ့ ဇာတ်ကားတွေရိုက်ကူးဖို့ အခွင့်အရေးရလာမယ်ဆိုရင် လ က် ခံ ရို က် ကူးေ ပး ဖို့ အ ဆ င် သ င့် ပါ ပဲ ထို င်း မ င်း သား Mario Maurer

0
220

zaw_7789-copy

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် မင်းသားMario Maurer ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ပြီး Penshoppe Myanmar က ပြု လုပ်တဲ့ ဖက်ရှင်ရှိုးပွဲကို တက်ရောက် ဂုဏ်ပြုပေးခဲ့တာကို တွေ့ရပါတယ်။Mario Maurer  ဟာ  Penshoppe ရဲ့ Brand Ambassador  တစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေကတော့ Mario Maurer  ကို Pee Mak မင်းသားလို့ အများစုက သိထားကြတာ ဖြစ်ပါတယ်။ Mario Maurer ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ် တုန်းကတော့Pond  အလှကုန်ပစ္စည်းမိတ်ဆက်ပွဲ တုန်းက ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။Mario Maurer  ကတော့ လာရောက်ရ တဲ့ နိုင်ငံတွေထဲမှာ မြန်မာပြည်ကို လာရောက်ရတာ အနှစ်သက်ဆုံး ဖြစ်တဲ့ အပြင် သူ့ကို အားပေးနေတဲ့ ပရိသတ်တွေကို နွေးထွေး စွာနဲ့ အမြဲတွေ့ခွင့်ရတဲ့ အတွက် ဝမ်းသာကြည်နူးမိတယ် လို့လည်း ဆိုပါတယ်။

“ဒုတိယအကြိမ်အနေနဲ့ ရောက်လာ ဖြစ်တော့လည်း ကျွန်တော့်ရဲ့Fan တွေနဲ့ တွေ့ခွင့်ရတော့ တအားပျော် တယ်။ မြန်မာပရိသတ်ေ တွ အကြောင်းကို ပိုသိရတော့ သူတို့တွေရဲ့နွေးထွေးမှုကို ပိုသိခွင့်ရလာပါတယ်။ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်အဝင် စားဆုံး နှစ် သက်မိတာက မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ နွေးထွေး ပျူငှာတဲ့ ဆက်ဆံရေးတွေပါပဲ။ အခုလို နွေးထွေးပျူငှာ မှုမျိုးတွေက ဘယ်မှာမှ ရှာမတွေ့ နိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ အဲဒါကြောင့် ကျွန်တော် မြန်မာပြည် ကို တအားသဘောကျတာပါ။ ဒီကို လာခွင့် ရလာလေလေ ဒီနိုင်ငံက ရိုးရာနဲ့ ယဉ်ကျေးမှုတွေကို ပိုသိခွင့် ရလာ လေလေ ဖြစ်တဲ့အတွက် ပျော်ရွှင်မိတယ်။ ကျွန်တော် ပထမ အကြိမ်ေ ရာက်တုန်းကလည်း မြန်မာ့ ရိုးရာအစား အစာဖြစ်တဲ့ မုန့်ဟင်းခါးကို မြည်းစားကြည့်ဖူးတယ်။ ကျွန်တော် မုန့်ဟင်းခါးကို တအား ကြိုက် သွားမိတယ်။ တကယ်ကောင်းတဲ့ အစားအစာတစ်ခုပေါ့ဗျာ။ နောက် တစ်ခု ကျွန်တော်သိထားတာက မြန်မာ့ရိုးရာ ဟင်း လျာတွေက တအားကောင်းတယ် ဆိုတာကို ညွှန်းတဲ့သူတွေရှိတော့ ကျွန်တော် အဲဒီဟင်းလျာ တွေကို စားကြည့်ချင်နေပါတယ်။ ကျွန်တော့် သူငယ် ချင်းတွေ မြန်မာပြည်ကို လာလည် ကြ တာ ရှိတယ်ဗျ။ သူတို့က သူတို့ လည်ပတ်ခဲ့တဲ့ နေရာတွေကို ဓာတ်ပုံ တွေနဲ့ပြပြီးတော့ မြန်မာမှာ လှပတဲ့ နေရာတွေ များစွာရှိကြောင်းကို အမြဲပြောကြတယ်ဗျ။ ကျွန်တော် အဲဒီနေရာတွေ ကို သွားလည်ချင်တယ်။

ကျွန်တော်က မြန်မာ ပြည်ကို လာတိုင်းအလုပ်ကိစ္စနဲ့ပဲ ဖြစ်ဖြစ် နေ တော့ သွားခွင့်မသာဘူးဖြစ်နေတယ်။ အလုပ် တွေကလည်း မ အားတော့ အခွင့်အရေးရလာ ရင်တော့ လာရောက်လာပတ်ဖို့ ကျွန်တော် ကြိုးစားမှာ ဖြစ်ပါတယ်။ အရင် တစ်ခေါက် ရော၊ အခုတစ်ေ ခါက်ရော အလုပ်ကိစ္စတွေနဲ့ ချည်းပဲဆိုတော့ လည်ပတ်ဖို့ အချိန်ဆိုတာ မရှိ သလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ရန်ကုန်မြို့ထဲကိုေ တာ့ လျှောက်လည် ချင်မိ ပါသေးတယ်” လို့ Mario Maurer  က ပြောပြပေးပါတယ်။

Mario Maurer က လက်ရှိကာလ မှာ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ ရုပ်ရှင်တွေ ပူးပေါင်း ရိုက်ကူးလာတာကိုလည်း သူကိုယ်တိုင်သိရှိထား တာမို့ နိုင်ငံချင်း၊ နယ်နိမိတ်ချင်း နီးစပ်နေတဲ့ နိုင်ငံတွေဟာ ပိုမိုနီးကပ်စွာနဲ့ အလုပ်တွေကို အတူတကွ လုပ်ကိုင်ရင်း တောက်ပတဲ့ အနာ ဂတ်တွေ ရှိလာမယ်လို့ ယုံကြည်ထားပါကြောင်း ဆိုပါတယ်။

“အခု ကျွန်တော်တို့ နိုင်ငံမှာ လည်း ရုံတင် နေတဲ့ ရုပ်ရှင်ဇာတ်ကား  ( From Bangkok to Mandalay) ကို ကျွန်တော် သွားတော့ မကြည့် ရသေးပါဘူး။ အခု ထိုင်းနိုင်ငံ ပြန်ရောက်လို့ရှိရင် အဲဒီရုပ်ရှင်ဇာတ် ကားကို သွားကြည့်ဖို့ အစီအစဉ် လည်းရှိပါတယ်။ ကျွန်တော် ကိုယ် တိုင်လည်း ဇာတ်ကား တွေ ကမ်းလှမ်းလာမယ်ဆိုရင် ကြိုဆိုပြီးတော့ လက်ခံ မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်း နဲ့ကို ကြိုဆို နေပါတယ်။ အဲဒီလို အခွင့်အရေး ရလာမယ်ဆိုရင် လက်ခံရိုက်ကူးပေးဖို့  အဆင်သင့်ပါပဲ။ ကျွန်တော် ကိုယ် တိုင်ကတော့ ဟာသနဲ့ပတ်သက် ပြီး ပျော်စရာကောင်းတဲ့ ဇာတ်ရုပ် တွေကို ပိုပြီးတော့ ကြိုက်နှစ်သက်ပါ တယ်။ ပြီးတော့ ကျွန်တော်က ဒရာမာနဲ့ပ တ်သက်တဲ့ ဇာတ်တွေ ကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ရယ်စရာကောင်းတဲ့ ဇာတ်ရုပ်တွေကို သရုပ် ဆောင်ရတဲ့အခါ တကယ်တမ်း ကျတော့ ခက်ခဲတာကိုတွေ့ရပါတယ်။ ဒရာမာ ဇာတ် ကောင်တွေကို သရုပ်ဆောင်တဲ့အခါ အဲဒီ ဇာတ်ကောင်ထဲကို တကယ်စီးမျော လိုက်ပါ ရတာမို့ ဒရာမာ ဇာတ်ရုပ်တွေကိုလည်း  သဘောကျမိတာဖြစ်ပါတယ်” လို့ Mario Maurer  က ပြောပြပေး ပါတယ်။

Mario Maurer ဟာ အနုပညာအလုပ် တွေကို ငယ်စဉ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ် ပြီး အသက် ၁၈ နှစ်အရွယ်မှာတော့ ရုပ်ရှင် ဇာတ်ကားကြီးကို စတင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ Mario Maurer အခုလက်ရှိ ရိုက်ကူးနေတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကတော့ ထိုင်းနိုင် ငံရဲ့ သမိုင်းကြောင်း ဆိုင်ရာကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ အပြင် မြန်မာနိုင်ငံရဲ့ အကြောင်းတွေလည်း ပါဝင်နေတာမို့ အဲဒီဇာတ်ကားထဲမှာတော့ Mario Maurer က မြန်မာလူမျိုးတစ်ဦး လိုလည်း ဝတ်စားဆင်ယင်ပြီး ရိုက်ကူးထားသလို ထိုင်းလူမျိုး တစ်ဦး လိုလည်း ဝတ်စားဆင်ယင်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး စကားပြောကိုတော့ ထိုင်း ဘာသာတစ်မျိုးတည်းနဲ့ ရိုက်ကူး ထားတာဖြစ် တယ်လို့ ဆိုခဲ့ပါတယ်။ Mario Maurer ဟာ လက်ရှိမှာဆိုရင် ရုပ်ရှင် ဇာတ်ကားပေါင်း ၂ဝ ကျော်အထိကို ရိုက်ကူး ပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ထက်လူ
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here