စစ်ပွဲကာလအတွင်း အကြီးမားဆုံး ဒရုန်းစစ်ဆင်ရေး ရုရှားဆင်နွှဲဟု ယူကရိန်းအရာရှိများ ပြောကြား

0
308

ရုရှား-ယူကရိန်း စစ်ပွဲစတင်ချိန်မှ ယနေ့အထိ ကာလအတွင်း အကြီးမားဆုံးသောမောင်းသူမဲ့လေယာဉ်ဒရုန်း စစ်ဆင်ရေးဖြင့် Kyiv မြို့ကို ရုရှားတို့က စနေနေ့တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။

“လမ်းကြောင်းနှစ်ခုဖြစ်တဲ့ Primorsko-Akhtarsk နဲ့ Kursk ဒေသကနေ Shahed မောင်းသူမဲ့လေယာဉ် စုစုပေါင်း ၇၅ စင်းနီးပါးကို လွှတ်တင်ခဲ့တာ တွေ့ရပါတယ်။ အဓိကပစ်မှတ်ကတော့ Kyiv မြို့ကိုပါပဲ” ဟု ယူကရိန်းလေတပ်၏ Telegram ပို့စ်တွင် ဖော်ပြခဲ့သည်။

ယူကရိန်း၏ ဒေသခြောက်ခုတွင် အီရန်လုပ်ဒရုန်း အချို့ကို လေကြောင်းရန်ကာကွယ်ရေးများက ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း ဒရုန်းအများစုအများစုမှာမူ Kyiv ဒေသရောက်မှသာ ကြားဖြတ်ဟန့်တားသည့်အစီအစဉ်ကို ပြုလုပ်ခဲ့ရကြောင်း သိရသည်။

“လေယာဉ်ပစ် ဒုံးကျည်တပ်တွေ၊ နည်းဗျူဟာမြောက် လေကြောင်း၊ မိုဘိုင်းလ် မီးသတ်အဖွဲ့တွေနဲ့ အီလက်ထရွန်းနစ် စစ်ဆင်ရေး ယူနစ်တွေဟာ လေကြောင်း တိုက်ခိုက်မှုကို ချေမှုန်းရာမှာ ပါဝင်ပါတယ်” ဟု ယူကရိန်း လေတပ်က ပြောကြားခဲ့သည်။

Kyiv မြို့ရှိ စစ်အုပ်ချုပ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Mykhailo Shamanov က မြို့တော်ဆီသို့ ဦးတည်ရာ အမျိုးမျိုးမှ ဒရုန်း အများအပြား ရောက်ရှိလာကြောင်း ပြောကြားခဲ့သည်။

Kyiv မြို့ရှိ CNN သတင်းထောက်တစ်ဦးသည် ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ဒရုန်းများ ကောင်းကင်မှ ပစ်ခတ်သံများကို ကြားလိုက်ရသည်။ မြို့တော်၏စစ်အုပ်ချုပ်ရေးမှ ဒေသခံများအား အကာအကွယ်ယူရန် သတိပေးခဲ့သည်- “ရန်သူ UAV အများအပြားသည် လမ်းကြောင်းအမျိုးမျိုးမှ Kyivသို့ ဝင်ရောက်လာကြသည်။ လေကြောင်းရန်ကာကွယ်ရေးဥဩသံကို မပိတ်မချင်း အမိုးအကာများတွင်သာနေရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။”ဟု ကြေညာခဲ့သည်။

ယင်းသည် ယခုလအတွင်း Kyiv မြို့အား စတုတ္ထမြောက် ဒရုန်းများဖြင့် တိုက်ခိုက်မှု ဖြစ်သည်ဟု Shamanov က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here