အာဆီယံတပ်မတော် ‌ေ-သနတ်ပစ်ပြိုင်ပွဲကြီးတွင် မြန်မာက နိုင်ငံအလိုက် အဆင့် (၄) တွင်ရပ်တည်နိုင်ခဲ့

0
264

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ ‌ေ-သနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်‌ေ‌-သနတ်ပစ်အသင်းသည် နိုင်ငံအလိုက် အဆင့် (၄) တွင်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံက နိုဝင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ‌ေ-သနတ်ပစ်အသင်းသည် ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၇ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၄) တွင်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အဆင့် (၁)နေရာတွင် အင်ဒိုနီးရှားက ရွှေ ၁၀ ခု၊ ငွေ ၉ ခု၊ ကြေး ၁၀ ခု၊ အဆင့် (၂) နေရာတွင် ဗီယက်နမ်က ရွှေ ၁၀ ခု၊ ငွေ ၇ ခု၊ ကြေး ၇ ခု၊ အဆင့် (၃)နေရာတွင် ဖိလစ်ပိုင်က ရွှေ ၁၀ ခု၊ ငွေ ၆ ခု၊ ကြေး ၇ ခုဖြင့် အသီးသီးရပ်တည်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here