ပြင်ဦးလွင်၊ မန္တလေး-လားရှိုးလမ်း၊ လမ်း(၂၀)ထိပ်တွင် အိမ်စီးကား တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး နောက်တစ်စီးအား ထပ်ဆင့်တိုက်မိမှု ဖြစ်ပွား

0
128

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၂)၊ မန္တလေး-လားရှိုးလမ်း၊ လမ်း(၂၀)ထိပ်တွင် အိမ်စီးကား တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီးနောက်တစ်စီးအား ထပ်ဆင့်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၂)၊ မန္တလေး-လားရှိုးလမ်း၊ လမ်း(၂၀)ထိပ်တွင် နိုဝင်ဘာ (၂၅) ရက် ညပိုင်းက အိမ်စီးကား တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အသင်းမှ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အိမ်စီးကားမှာ အရှိန်လွန်တိမ်းမှောက်ပြီးနောက်တစ်စီးအား ထပ်ဆင့်တိုက်မိမှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း လမ်းပိတ်ဆို့မှုကြောင့် ခရိုင်မီးသတ်တပ်ဖွဲ့နှင့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here