ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာမှ ငွေ (၂) ဆုရရှိထား

0
230

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ၊ ဟိုချီမင်းမြို့တွင် ကျင်းပနေသည့် ၂၀၂၃ ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် (7th WVVF World Vovinam Championships 2023) ပြိုင်ပွဲတွင် မြန်မာမှ ငွေ (၂) ဆု ရရှိထားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်မှ ဒီဇင်ဘာလ (၁) ရက် အထိကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။

မြန်မာ ဗိုဗီနမ်အားကစား အသင်းသည် ယမန်နေ့ နိုဝင်ဘာ (၂၅) ရက်တွင် Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော်မှ ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိ‌န္ဒြေဖူးတို့က ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၂)ခု ဆွတ်ခူးရရှိထားပြီး ဆက်လက်ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here