Facebook Account Hack ခံရတဲ့ ရွှေထူးရဲ့ အကြောင်း

0
228

shwe-oo

ရွှေထူးရဲ့ “ဘာမီတွန်” သီချင်းအသစ်ကတော့ Ve Ve 20th Anniversary စီးရီးခွေမထွက်ရှိခင်ကတည်းက အွန်လိုင်းမှာ အမြည်းအနေနဲ့ တင်ထားတာကြောင့်ပရိသတ် ကြိုက်နှစ်သက်နေပြီးသား ပါ။ ရွှေထူးရဲ့ ဘာမီတွန် သီချင်းသစ် လေးနဲ့ ပတ်သက်ပြီး စာနယ်ဇင်း မိတ်ဆက်ပွဲမှာ သူနဲ့တွေ့လို့မေး ဖြစ်ပြန်တော့…

“ကျွန်တော့်ရဲ့ “ဘာမီတွန်”ဆိုတဲ့သီချင်းလေးကတော့ ကျွန်တော် ဟိုးအရင်တုန်းကဆိုတဲ့ Pop ထက်တော့ နည်းနည်းလေးထူးခြား လိမ့်မယ်လို့ထင်ပါတယ်။ ဒီသီချင်းလေးရဲ့ အကြောင်းအရာကလည်း ဆန်းတယ်လေ။ ကျွန်တော့်အထင် ၁ဝဝ မှာ ၂ဝ လောက် ကျွန်တော့်လို ဖြစ်ဖူးကြလိမ့်မယ်ထင်ပါတယ်။၂ လတစ်ခါ၊ ၃ လတစ်ခါလောက် အိပ်မက်ထဲမှာ ကောင်မလေးတစ်ယောက်ကို ထည့်မက်တယ်ဗျာ။ အဲဒီကောင်မလေးက အပြင်မှာမတွေ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့တွေ့ဖို့အတွက် အိပ်ပျော်မှ ဖြစ်မှာကိုး။ အဲဒီလို အိပ်ပျော်ဖို့ အတွက် ဘာမီတွန်သောက်ရတယ်ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ ဒီသီချင်းကို ဖန်တီးဖြစ်တာပါ”လို့ ရွှေထူးက ပြောပါတယ်။ ရွှေထူးလို Facebook မှာ Followers အများကြီးရှိတဲ့ အနုပညာရှင်တစ်ယောက်အတွက်အကောင့် ခဏခဏ Hack ခံရတာ မဆန်းတော့ပါဘူး။ အခုလည်း မကြာသေးခင်ကမှ အကောင့် Hack ခံထားရတဲ့ ရွှေထူးကို အဲဒီအကြောင်းလေးလည်း မေးဖြစ်တဲ့အခါ..

” အဓိကက ဘယ်လိုခံစားရလဲ ဆိုတော့ စိတ်မကောင်းဖြစ်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖေ့စ်ဘုတ်က ကျွန်တော် နာမည်မကြီးခင် သီချင်းတွေစလုပ်တဲ့ကာလကတည်းက သုံးလာတာဆိုတော့ နှစ်ကြာရင် ကြာသလောက် ကျွန်တော့်ရဲ့ Memory လေးတွေ ပြန်ပြန်တက်လာတယ်လေ။ ဒီထဲမှာ ဟိုးအရင်တုန်းက ပရိသတ်တွေရော၊ အပေါင်းအသင်းတွေရော၊ အခုပရိသတ်တွေရော စုံနေပြီ။ ပြန်ပြီးအသစ်ပြန်လုပ်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒီအကောင့် Hack ခံလိုက်ရတယ်။ Hack တဲ့သူကလည်း ဝေဖြိုးအောင်ဆိုပြီး ချိန်းသွားတယ်။ အဲဒါနဲ့ ကျွန်တော့်ဘက်က IT နည်းပညာ အစ်ကိုတွေက ကျွန်တော့် အကောင့်လေးကို ပြန်ယူပေးထားတာပေါ့။ အခုတော့ ဝေဖြိုးအောင်ကနေ ကျွန်တော့် နာမည်အရင်း ထူးခန့်ဆိုပြီး ပြန်ချိန်းလိုက်ပါပြီ” လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here