တရုတ်မှ အဝယ်လိုက်လာသဖြင့် နှမ်းဝါ စျေးကောင်းရနေ

0
249

တရုတ်ဝယ်လိုအား မြင့်တက်လာသဖြင့် မန္တလေးစျေးကွက်တွင် နှမ်းဝါအရောင်းအဝယ် ကောင်းလျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) က သိရသည်။

ယခင်က မန္တလေးစျေးကွက်အတွင်း နှမ်းဝါအရောင်းအဝယ် အေးခဲ့သော်လည်း ယခုလက်ရှိတွင် နှမ်းဝါကို တရုတ်နိုင်ငံဘက်က ဝယ်ယူမှုများရှိလာသဖြင့် ပြည်တွင်း၌ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“ယခုလက်ရှိအချိန်မှာ နှမ်းဝါတွေကို ပြည်ပကကော ပြည်တွင်းကပါ ကုန်သည်တွေ ဝယ်ယူမှု ပြန်များလာပါတယ်။ ဒါကြောင့် မန္တလေးစျေးကွက်ထဲမှာ အရင်ကထက်ပိုပြီး နှမ်းဝါအရောင်းအဝယ် ကောင်းလာပါတယ်”ဟု အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောသည်။

ပြည်တွင်းစျေးကွက်အပြင် ပြည်ပနိုင်ငံများကပါ ဝယ်ယူမှုများရှိနေသဖြင့် မန္တလေးစျေးကွက်တွင် နိုဝင်ဘာလ (၂၃) ရက် ပေါက်စျေးအရ နှမ်းဝါသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ ရှိပြီး အရောင်းအဝယ် ကောင်းနေကြောင်း သိရသည်။

နှမ်းဝါကို မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here