တောင်ကိုရီးယား၊တရုတ်နှင့်ဂျပန်ထိပ်တန်းသံတမန်များ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကြိုးပမ်းနေ

0
306

ဆိုးလ်၊နိုဝင်ဘာ ၂၆

တရုတ်၊ဂျပန်နှင့်တောင်ကိုရီးယားသံတမန်များသည် နိုဝင်ဘာ ၂၆ ရက် တနင်္ဂနွေနေ့၌ တောင်ကိုရီးယားတွင်တွေ့ဆုံခဲ့ကြပြီး သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအား ပြန်လည်စတင်ရန်နှင့် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးအတွက် လမ်းခင်း‌
ပေးရန်ကြိုးပမ်းခဲ့ကြကြောင်းသိရသည်။

ပေကျင်း၊တိုကျိုနှင့်ဆိုးလ်တို့သည် သံတမန်ရေးနှင့်စီးပွားရေးဖလှယ်မှုများအားကောင်းလာစေရန် ၂၀၀၈ ခုနှစ်မှစတင်၍ နှစ်စဉ်ထိပ်သီးအစည်းအဝေးများကျင်းပရန်သဘောတူညီခဲ့ကြသော်လည်း အဆိုပါအစီအစဉ်သည် နှစ်နိုင်ငံအငြင်းအခုန်များနှင့် ကိုဗစ်ရောဂါကြောင့်ဆက်လက်အကောင်အထည်မဖော်နိုင်ခဲ့ပေ။ ၎င်းတို့သုံးနိုင်ငံခေါင်းဆောင်များ၏ နောက်ဆုံးအကြိမ်တွေ့ဆုံမှုသည် ၂၀၁၉ ခုနှစ်ကဖြစ်ကြောင်းလည်းသိရသည်။

သုံးနိုင်ငံထိပ်တန်းသံတမန်များသည် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌တွေ့ဆုံခဲ့ကြပြီး ပြီးခဲ့သည့်စက်တင်ဘာလကတည်းက ၎င်းတို့သည် သုံးနိုင်ငံထိပ်သီးအစည်းအဝေးအား အဆင်အပြေဆုံးအချိန်၌ အစောဆုံးကျင်းပရန်သဘောတူခဲ့ကြခြင်းလည်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးပက်ခ်ဂျင်သည် မြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ခြင်းအား ရှုံ့ချခဲ့ပြီး မော်စကိုနှင့်ပြုံယမ်းကြားလက်နက်ဖလှယ်ရေးကိစ္စများအား တုံ့ပြန်ရာ၌အရှိန်မြှင့်တင်ရန်လည်းကတိပြုခဲ့သည်။

စနေနေ့ကမူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ကာမီကာဝါသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်နှင့်တွေ့ဆုံခဲ့ပြီး တိုကျိုနှင့်ပေကျင်းကြား လုံခြုံရေးဆွေးနွေးမှုများအား မကြာမီအချိန်တွင်ပြုလုပ်နိုင်ရန်မျှော်လင့်မိကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိက၊တောင်ကိုရီးယားနှင့်ဂျပန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းတင်းမာမှုကိုပိုမိုအရှိန်ပြင်းလာအောင်ရန်စခြင်းမျိုးပင်ဖြစ်သည်ဟုလည်းပြောကြားခဲ့ဖူးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here