ပီတန်းအားကစားမယ် ခင်ချယ်ရီသက်
ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁)ရရှိ

0
354

မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ပီတန်းအားကစားမယ် ခင်ချယ်ရီသက်သည်
ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၁)ရရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်ထံမှ သိရသည်။

ခင်ချယ်ရီသက်သည် အမျိုးသမီး တစ်ဦးချင်း Shooting ပြိုင်ပွဲတွင် Vietnam ကစားသမားနှင့်ယှဉ်ပြိုင်ကစားရာ ရမှတ်(၄-၂)ဖြင့် ပထမဆုတံဆိပ် ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ခင်ချယ်ရီသက်သည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁)ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ပြိုင်ပွဲတွင်လည်းမြန်မာအသင်းအ‌နေဖြင့် Quarter Final (၁၆)သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

ခင်ချယ်ရီသက်သည် ၂၀၁၉ ခုနှစ် ကမ္ဘာ့ချန်ပီယံပီတန်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၃) ရရှိထားသူဖြစ်ပြီး၊ (၃၁)ကြိမ်မြောက်နှင့်(၃၂)ကြိမ်မြောက် SEA Games ပြိုင်ပွဲများတွင် အသင်းအတွက် (၂)နှစ်ဆက်တိုက် ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့သော မြန်မာပီတန်းအားကစားမယ် တစ်ဦးဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့ မှ (၂၇)ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့်
WOMEN & JUNIOR PETANQUE
WORLD CHAMPIONSHIP 2023 ပြိုင်ပွဲကို နိုင်ငံပေါင်း(၄၁)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးပီတန်အသင်းအနေဖြင့် နိုဝင်ဘာ (၂၂) ရက်က ပြိုင်ပွဲဝင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here