တောင်ဒဂုံ ဧရာဝဏ်လမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသား တစ်ဦး ညပ်နေသဖြင့် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရ

0
261

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဧရာဝဏ်လမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး လူညပ်နေသဖြင့် တောင်ဒဂုံမြို့နယ် မီးသတ်မှ 191 ထွက်ခွာပြီး ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဧရာဝဏ်လမ်းမတွင် YBS ခရီးသည်တင်ယာဉ်နှင့် ဟိုက်ဂျက်တို့ နိုဝင်ဘာ (၂၆)ရက် ည ၇ နာရီ ၃၈ မိနစ်အချိန်ခန့်က ယာဉ်မတော်တဆဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကားအတွင်းညပ်နေသော အမျိုးသား (၁)ဦးအား ည ၇ နာရီ ၄၆ မိနစ်အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး သီရိမင်္ဂလာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဉက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here