ထိုင်းနိုင်ငံရှိမင်္ဂလာဆောင်တစ်ခု၌ သတို့သားက‌ေ-သနတ်ဖြင့်ပစ်ခတ်မှုကြောင့် သတို့သမီးအပါအဝင် ငါးဦး‌ေ-သဆုံး

0
427

ဘန်ကောက်၊နိုဝင်ဘာ ၂၅

ထိုင်းနိုင်ငံ၌ နိုဝင်ဘာ ၂၅ ရက်နေ့ကကျင်းပခဲ့သောမင်္ဂလာဆောင်တစ်ခုတွင် သတို့သားမှ ‌ေ-သနတ်ဖြင့်ပစ်ခတ်မှုကြောင့် သတို့သမီးအပါအဝင်လေးဦး‌ေ-သဆုံးကာ သတို့သားသည်လည်း မိမိကိုယ်ကိုပြန်ပစ်ပြီး အဆုံးစီရင်သွားကြောင်းသိရသည်။

သတို့သားသည် အသက် ၂၅ နှစ်အရွယ်ရှိမစ္စတာ ချာတူရွန်ဆက်ခ်ဆက်ခ်ဟုသိရပြီး သတို့သမီးမှာမူ အသက် ၄၄ နှစ်အရွယ်ရှိ မစ္စကန်ချနာပါချွန်သွပ်ဖြစ်ကြောင်းသိရှိရသည်။မစ္စတာချာတူရွန်သည် မသန်စွမ်းအားကစားပြိုင်ပွဲများအနက် ရေကူးနှင့်‌ေ-သနတ်ပစ်ပြိုင်ပွဲများတွင် ထိုင်းနိုင်ငံကိုယ်စားပြုအနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်ဟုဆိုသည်။

၎င်းတို့နှစ်ဦး၏မင်္ဂလာဆောင်အား နိုဝင်ဘာ ၂၅ ရက်နံနက်ပိုင်းကကျင်းပခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် လက်ထပ်ပွဲမကျင်းပမီလွန်ခဲ့သည့်သုံးနှစ်ကပင် အတူတူနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်းသိရသည်။ မင်္ဂလာဧည့်ခံပွဲအား နံနက်ပိုင်းတွင်ကျင်းပပြီးနောက် ညဘက်ပါတီတွင် ဝိုင်း၍စားသောက်နေကြစဉ် မစ္စတာချာတူရွန်သည် ပျော်ရွှင်နေပုံမရကြောင်းအချို့ကပြောကြားခဲ့သည်။

ယင်းနောက်ခဏအကြာတွင် ဧည့်ခံပွဲမှထွက်သွားပြီးပြန်လာချိန်၌ ၉ မမ ‌ေ-သနတ်ဖြင့် ၎င်း၏သတို့သမီး မစ္စကန်ချနာအားဦးတည်ပစ်ခတ်ကာ သတို့သမီး၏အမေနှင့်ညီမကိုပါပစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင်မြင်မြင်ရာ ရမ်းသမ်းပစ်ခတ်မှုကြောင့် မင်္ဂလာပွဲလာသူနှစ်ဦးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရပြီး ၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ‌ေ-သဆုံးသွားကြောင်းလည်းသိရသည်။

တာဝန်ရှိသူများအနေဖြင့်လည်း ပစ်ခတ်မှုကျူးလွန်ရခြင်းအကြောင်းအရင်းအား ဆက်လက်စုံစမ်းနေကြောင်းပြောကြားခဲ့သည်။ ကနဦးစုံစမ်းရသမျှအကြောင်းအရင်းများအရမူ ၎င်းတို့နှစ်ဦးသည်မင်္ဂလာပွဲအတွင်းအနည်းငယ်ကတောက်ကဆဖြစ်ခဲ့ကြကြောင်းလည်းသိရသည်။

မစ္စတာချာတူရွန်သည် ၎င်းအနေဖြင့် မသန်စွမ်းအမျိုးသားတစ်ဦးဖြစ်နေခြင်းကြောင့် ၎င်း၏ဇနီးဖြစ်သူ စိတ်မရှည်ဘဲ ပစ်ထားခဲ့မည်ကိုစိုးရိမ်သဖြင့် ယခုလိုလုပ်ခြင်းဖြစ်သည်ဟုလည်းဆိုကြသည်။ မစ္စတာချာတူရွန်သည်ကွန်မန်ဒိုတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်ကာ တာဝန်ထမ်းဆောင်နေစဉ်ကာလက မတော်တဆမှုတစ်ခုကြောင့် ၎င်း၏ညာခြေတစ်ဖက်အားဆုံးရှုံးလိုက်ရခြင်းလည်းဖြစ်သည်။

၎င်းသည်မသန်စွမ်းတစ်ဦးဖြစ်ပြီးသည့်နောက်ပိုင်းတွင်ပင် အားကစားပြိုင်ပွဲများအားဆက်လက်ယှဉ်ပြိုင်နေခဲ့ပြီး ၂၀၂၂ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်လည်း ငွေတံဆိပ်ဆုရရှိခဲ့သေးသည်ဟုလည်းသိရှိရသည်။

Source : The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here