ဟားမတ်စ်-အစ္စရေး အကျဉ်းသား လဲလှယ်မှုဆက်လုပ်ခဲ့ပြီး ငါးနှစ်အရွယ် အမေရိကန် မိန်းကလေး ပြန်လွတ်လာ

0
190

အပစ်အခတ်ရပ်စဲထားမှု တတိယမြောက်နေ့အဖြစ် တနင်္ဂနွေနေ့ နိုဝင်ဘာ (၂၆) ရက်မှာ ဟားမတ်စ်တို့က အသက် ငါးနှစ်အရွယ် အမေရိကန် မိန်းကလေးတစ်ဦးအပါအဝင် ဓ-ားစာခံ (၁၇) ဦးကို ပြန်လွှတ်ပေးခဲ့သလို အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား (၃၉) ဦးကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဂါဇာဒေသကနေ ဓ-ားစာခံ (၁၇) ဦး အောင်မြင်စွာ လွှဲပြောင်း ရရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ပြောဆိုပါတယ်။

အစ္စရေး (၁၃) ဦး၊ ထိုင်း (၃)ဦးနဲ့ ရုရှား နိုင်ငံသား (၁)ဦးတို့ကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ ဟားမတ်စ် အဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ (၇) ရက်က အစ္စရေးတောင်ပိုင်းနယ်မြေအတွင်း ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ဓ-ားစာခံအုပ်စုထဲမှ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်း လွတ်မြောက်လာခဲ့ပါတယ်။

ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA ရဲ့အဆိုအရ လွတ်မြောက်လာသူအားလုံးဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးက ပါလက်စတိုင်း အကျဉ်းသားအရေအတွက် တိုးလွှတ်ပေးမယ့် လေးနက်တဲ့ လုပ်ဆောင်ချက်တွေ လုပ်လာခဲ့ပါက အပစ်ရပ်ကာလကို တိုးချဲ့လိုတယ်လို့ ဟားမတ်စ်အဖွဲ့က ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဓ-ားစာခံတွေ လွတ်မြောက်ပြီးချိန်အထိ တိုက်ခိုက်မှုတွေ ဆက်ရပ်ထားဖို့ သူ့အနေနဲ့မျှော်လင့်ကြောင်းနဲ့ ဟားမတ်စ်အဖွဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ထပ်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here