လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များကြောင့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင် (၈၁) ခု မီးရှို့ဖျက်ဆီးခံရ

0
188

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၆) ရက်အထိ လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များကြောင့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင် (၈၁) ခုတို့ မီးရှို့ဖျက်ဆီးခံရကာ ဆုံးရှုံးခဲ့ရကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့များနှင့် PDF နှင့် ပူးပေါင်းအဖွဲ့တို့မှ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တယ်လီဖုန်းတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များအား မီးရှိဖျက်ဆီးခြင်းများ လုပ် ဆောင်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က ပြောကြားထားသည်။

ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်သူလူထုအတွက် များစွာထိခိုက်နစ်နာဆုံးရှုံးရကြောင်းလည်း ၎င်းကဆိုသည်။

လုံခြုံရေးတပ်ဖွဲဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here