ဒူဘိုင်းတွင် ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး သမ္မတ ဘိုင်ဒင် တက်မည်မဟုတ်

0
346

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဒူဘိုင်းတွင်ကျင်းပမည့် COP28 ဟုလူသိများသော ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးကို ကိုးကား၍ New York Times သတင်းစာက ဖော်ပြခဲ့သည်။

သီတင်းနှစ်ပတ်ကြာကျင်းပမည့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ အဘယ်ကြောင့် မတက်ရောက်ရသနည်းဆိုသည့်မေးခွန်းကိုမူ တာဝန်ရှိသူက ထုတ်ဖြေကြားခြင်းမရှိချေ။

ဒုသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ Kirsten Allen ၏အဆိုအရ ဒုတိယသမ္မတ Kamala Harris သည်လည်း COP28 အစည်းအဝေးသို့ တက်ရောက်ရန်အစီအစဉ်မရှိကြောင်းသိရသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန် ဂျွန်ကယ်ရီသာလျှင် ဆိုပါ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်ကို ကိုယ်စားပြုမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကို ဒူဘိုင်းတွင် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here